The network connection is lost.

Banner Image

ပေါ်တူဂီဟာ ရော်နယ်ဒိုပါတာ နဲ့ မပါတာနဲ့က အတူတူဖြစ်ကြောင်း မာတီနက်ဇ် အခိုင်အမာဆို

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ဒိန်းမတ်ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မိမိတို့အသင်းဟာ ရော်နယ်ဒိုပါတာနဲ့ မပါတာက အတူတူပဲဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီး မဖြစ်မနေအနိုင်ကန်ရမယ့်ပွဲမှာ ဦးဆောင်လာခဲ့ပါတယ်။

အသက် ၄၀ အရွယ်ကစားသမားဟာ ပင်နယ်တီကနေ အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်က အားနည်းခဲ့တာကြောင့် ရှမိုက်ကယ်က အမိဖမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်နယ်တီမဝင်ခဲ့လို့ စိတ်မပျက်ခဲ့ပဲ ရော်နယ်ဒိုတစ်ယောက် အချိန်ပိုမှာ နိုင်ငံအသင်းအတွက် ၁၃၆ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် သူ့နေရာမှာ ဂွန်ကာလိုရာမို့စ်က အစားဝင်ခဲ့ပြီး အနိုင်ဂိုးတွေကို ထရင်ကာအို နဲ့ ရာမို့စ်ကသွင်းယူကာ ၅-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မာတီနက်ဇ်ကတော့ ဒိန်းမတ်နဲ့ပွဲက အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပါတယ်။ သတင်းထောက်တွေကို ပြောကြားရာမှာ မာတီနက်ဇ်က “ကျွန်တော် အသင်းက လုံးဝတူညီနေတာကို မြင်ရပါတယ်။ ရော်နယ်ဒိုက ပွဲကောင်းတစ်ပွဲကစားခဲ့သလို ဂွန်ကာလိုလည်း အတူတူပါပဲ။ ကစားသမားတွေမှာ မတူညီတဲ့စရိုက်လက္ခဏာရှိပေမယ့် ကျွန်တော်က ခြားနားမှုတွေမမြင်ခဲ့ရပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာလည်း ခြေစွမ်းကောင်းတွေပြသနေပြီး ပေါ်တူဂီဟာ လာမယ့်ဇွန်လ ၄ ရက်နေ့မှာ ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။