The network connection is lost.

Banner Image

ရေသန့်ဘူးမှာ မှတ်ထားတဲ့အတိုင်း အင်္ဂလန်အတွက် ပင်နယ်တီကာကွယ်ပေးခဲ့တဲ့ ပစ်ဖို့ဒ်

မနေ့ညက အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ယူရိုကွာတားဖိုင်နယ်ပွဲက ပင်နယ်တီအဆုံးအဖြတ်အထိ ခံယူခဲ့ရတာပါ။ ဒီလိုမျိုး ပင်နယ်တီကန်ချိန်မှာ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ရေဘူးနဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး စိတ်ဝင်တစား ဖြစ်ခဲ့ရပါတယ်။

ပစ်ဖို့ဒ်ဟာ ပင်နယ်တီအဆုံးအဖြတ် ခံယူချိန်မှာ သူ့ရဲ့ရေဘူးကို အထူးစပါယ်ရှယ် ပြင်ဆင်လာခဲ့တာပါ။ ဒီရေဘူးအပေါ်မှာ ဆွစ်ဇာလန် ကစားသမားတစ်ယောက်ချင်းစီရဲ့ ကန်သွင်းတတ်တဲ့ဘက်တွေကို အသေးစိတ် မှတ်သားထားပြီး ဆွစ်ဇာလန် အသင်းခေါင်းဆောင် အကန်ဂျီရဲ့ ကန်သွင်းတတ်တဲ့ဘက်လည်း အပါအဝင်ပါ။

အကန်ဂျီက ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဆုံး ကန်သွင်းခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒီပင်နယ်တီကို ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပစ်ဖို့ဒ်ရဲ့ရေဘူးပေါ်မှာလည်း အကန်ဂျီက ဂိုးသမားရဲ့ ဘယ်ဘက်ကို ကန်တတ်တယ်ဆိုတာကို ရေးမှတ်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

ပစ်ဖို့ဒ်ဟာ ဆောက်ဂိတ်လက်ထက် အင်္ဂလန်မှာ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေတာပါ။ ဒါ့အပြင် အင်္ဂလန်ဂိုးသမားအဖြစ် ပြိုင်ပွဲကြီးတွေမှာ ပင်နယ်တီ ၁၄ လုံးအနက် ၄ လုံးအထိ ကာကွယ်ထားပါတယ်။ ဒီပမာဏက ၁၉၉၀ ကနေ ၂၀၁၂ အထိ အင်္ဂလန်ဂိုးသမားတွေ ကာကွယ်ထားနိုင်တဲ့ ပမာဏထက် နှစ်ဆပိုမိုများပြားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။