The network connection is lost.

Banner Image

နီကိုဂွန်ဇာလက်ဇ် ဒဏ်ရာရရှိမှုအတွက် ဒိုင်လူကြီးတွေကို ခနဲ့တဲ့တဲ့ပြောဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

လေတန်အိုးရီယန့်နဲ့ရင်ဆိုင်ရတဲ့ မန်စီးတီးရဲ့အက်ဖ်အေဖလားပွဲစဉ်အတွင်း နီကိုဂွန်ဇာလက်ဇ် ဒဏ်ရာရရှိသွားပြီးနောက် ပက်ဂွါဒီယိုလာက ပွဲစဉ်ကြီးကြပ်သူတွေကို ခနဲ့တဲ့တဲ့ဝေဖန်ပြောဆိုခဲ့ပါတယ်။ မန်စီးတီးက လေတန်အိုးရီယန့်ကို ကွင်းလယ်စက်ဝိုင်းတဝိုက် အဝေးကန်ချက်မှတဆင့် ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်မှလိုက်ကစားပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ ပွဲစဉ်ကြီးကြပ်သူကွင်းလယ်ဒိုင်တွေရဲ့အရည်အသွေးအပေါ် စိတ်ပျက်နေခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပေါ်တိုမှအသစ်ခေါ်ယူထားတဲ့ ပေါင်သန်း ၅၀ တန် မန်စီးတီးကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ဟာ ပထမပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်ရဲ့ပြင်းထန်တဲ့ဖြတ်ထုတ်မှုအောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ပွဲကို ဆက်မကစားနိုင်တော့ပါဘူး။

ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ နီကိုဂွန်ဇာလက်ဇ်အနေဖြင့် အင်္ဂလန်ဘောလုံးလောကရဲ့ ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုကို အခုချက်ချင်းပင် နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားကိုယ်တိုင်လည်း အီတီဟတ်ကွင်းမှာ အမြန်ဆုံးပွဲထွက်ပါဝင်ကစားနိုင်ဖို့ ဒဏ်ရာလျှင်လျှင်မြန်မြန်သက်သာလာစေရန် မျှော်လင့်နေပါလိမ့်မယ်။BBC Sports နဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ပရီးမီးယားလိဂ်နဲ့ ကွင်းလယ်ဒိုင်တွေမှ ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ နီကိုဂွန်ဇာလက်ဇ်လည်း ဒိုင်လူကြီးတွေအကြောင်း သိသွားလောက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါ သိပ်မလွယ်ကူလှဘူးဆိုတာ ကျွန်တော်လည်း နားလည်နိုင်လို့ပါ။ လိဂ်ဝမ်းကလပ်အသင်းတစ်ခုနဲ့ကစားရချိန် တစ်ခုခုလုပ်ဖို့ဆိုတာ သိပ်တော့ မလွယ်ကူပါဘူး။

VAR မရှိမှုက ကွင်းလယ်ဒိုင်တွေအတွက် နေသားကျနေတဲ့ အခြေအနေမဟုတ်လို့ ပိုမိုခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြိုင်ဘက်က လိဂ်ဝမ်းကလပ်အသင်းဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် လုပ်ကိုလုပ်ပေးရမယ့် လုပ်ဆောင်ချက်တစ်ခု(သို့မဟုတ်)နှစ်ခုလောက်ရှိပါတယ်။ သူတို့တွေ ပယ်နယ်တီတစ်ကြိမ်လည်း မပေးခဲ့ပြန်ပါဘူး။ နီကိုဂွန်ဇာလက်ဇ်လည်း အင်္ဂလန်ဘောလုံးလောကဆိုတာ ဒါပါလားဆိုပြီး အပြည့်အဝနားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒဏ်ရာအခြေအနေကို ကျွန်တော်မသိပေမယ့် သူ ဆက်မကစားနိုင်တော့ပါဘူး”လို့ ပြောပါတယ်။ မန်စီးတီးက လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။