The network connection is lost.

Banner Image

ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးနောက် အင်္ဂလန်မှာ ဆေးစစ်သွားမယ့် ဒေါ်ဂူ

အီတလီစီးရီးအေကလပ် လက်ချီဘယ်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူဟာ မန်ချက်စတာယူနိုက်တက်သို့ ယူရို ၃၅ သန်းနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ဆေးစစ်မှုခံယူဖို့အတွက် အင်္ဂလန်သို့ ထွက်ခွာလာတော့မယ်လို့သိရပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အသက်-၂၀ နှစ်အရွယ်နောက်ခံကစားသမားဟာ လာမယ့်စနေနေ့မှာတော့ အင်္ဂလန်သို့ ထွက်ခွာလာမှာဖြစ်ပြီး ဆေးစစ်ခြင်းနဲ့ စာချုပ်စာတန်းကိစ္စတွေကို အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရါတယ်။ 

အသင်းရဲ့ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်ယဲလ်မာလာစီယာတို့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် မကြာသေးမီရာသီအချို့မှာ ဘယ်နောက်ခံနေရာအတွက် ကစားသမားအစားထိုးဖို့ ခက်ခဲခဲ့တဲ့ယူနိုက်တက်အနေနဲ့ ယခုအခါမှာတော့ ဒေါ်ဂူကိုအစားထိုး ထည့်သွင်းနိုင်တော့မှာဖြစ်ပါတယ်။ 

ဒေါ်ဂူဟာ သူ့ရဲ့ဘောလုံးကစားသမားဘဝကို ကိုပင်ဟေဂင်အသင်းမှာ စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ အက်ဖ်စီနော့စ်ဂျေးလန်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ဒိန်းမတ်လက်ရွေးစင်ဟာ လက်ချီသို့ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြသထားနိုင်တာဖြစ်ပါတယ်။ 

ဒေါ်ဂူဟာ ရူဘင်အာမိုရင်အတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။