The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ ပတ်ခန့် နားရမယ့် ကာမာဗင်ဂါ

ဆယ်လ်တာဗီဂိုအား အနိုင်ရရှိခဲ့တဲ့ ကိုပါဒဲရေး ၁၆ သင်းအဆင့်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ကာမာဗင်ဂါဟာ ရက်သတ္တပတ် ၃ ပတ်ခန့် နားရတော့မှာဖြစ်ပါတယ်လို့ ရီးရဲလ်မက်ဒရစ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့မှ ကာမာဗင်ဂါအား ယနေ့ ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုများအပြီးမှာတော့ ဘယ်ဘက်တံကောက်ကြောတွင် ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့ ပြန်လည်သက်မှုကိုတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

ကာမာဗင်ဂါဟာ လာမယ့် ချန်ပီယံလိဂ်နှစ်ပွဲဖြစ်တဲ့ အာရ်ဘီဆဲလ်ဘတ် နှင့် ဘာရက်စ်တို့ပွဲကို သေချာပေါက် လွဲချော်ရမှာဖြစ်ပါတယ်။ ပြန်ကစားနိုင်မယ့် အလားအလာရှိတဲ့ရက်ကတော့ ဖေဖော်ဝါရီလ ၉ ရက် အက်သလက်တီကိုမက်ဒရစ်နှင့်ကစားမယ့် အရေးပါတဲ့ပွဲမှာဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ ကြာသပတေးနေ့ပွဲက အချိန်ပိုမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့် ကွင်းအတွင်းမှာဆက်နေခဲ့တာဖြစ်ပါတယ်။ အခုတော့ သူဟာ ဒဏ်ရာကိုသက်သာဖို့ အချိန်ယူရတော့မှာဖြစ်ပါတယ်။