
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဆုံးဖြတ်ချက်မချရသေးတဲ့ အင်တာမိုင်ယာမီစတား
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဆုံးဖြတ်ချက်မချရသေးပဲ ပါဝင်မလားဆိုတာ ဘယ်သူမှမသိသေးတာဖြစ်ပါတယ်။ပရိသတ်တော်တော်များများကတော့ မက်ဆီအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း နိုင်ငံအသင်းချန်ပီယံဆုကိုကာကွယ်ပေးမယ်လို့ မျှော်လင့်နေကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့အရေးပါတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်နေဆဲဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ နိုင်ငံအသင်းအတွက် ၁၉၃ ပွဲမှာ ၁၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားမှာပါဝင်လာနိုင်မလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဘက်ကတော့ မက်ဆီအနေနဲ့ လာမယ့်ကမ္ဘာ့ဖလား ပါဝင်လာနိုင်မယ်လို့ မျှော်လင့်နေပြီး အဆိုပါပြိုင်ပွဲမှာ မက်ဆီဟာ အသက် ၃၉ နှစ်ပြည့်မှာဖြစ်ပါတယ်။ “လာမယ့်ကမ္ဘာ့ဖလားအခြေအနေလား?။ ဘယ်သူမှမသိသေးပါဘူး။ မက်ဆီကိုယ်တိုင်တောင်မသိသေးပါဘူ။ လက်ရှိမှာ သူတစ်ပွဲချင်း ၊ ပြိုင်ပွဲတစ်ခုချင်းဖြတ်သန်းနေပါတယ်။
သူစာချုပ်သက်တမ်းတိုးဖြစ်ခဲ့ရင် အမေရိကမြေမှာဆက်နေမယ်ဆိုရင် လိုအပ်တဲ့အချိန်မှာ သူ့အခြေအနေကို ဆန်းစစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ တစ်ဆင့်ချင်းသွားပါလိမ့်မယ်။ လူတိုင်းက မက်ဆီကို လာမယ့်ကမ္ဘာ့ဖလားမှာမြင်ချင်မှာပါ။ ဒါပေမယ့် သူ့ရဲ့အပြီးသတ်ဆုံးဖြတ်ချက်ကိုမသိရသေးပါဘူး။ သူ့ကိုအချိန်ပေးပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို စောင့်ရမှာပါ။
ဒါပေမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မလားဆိုတော့ မသေချာသေးတာဖြစ်ပါတယ်”လို့ ဘာလာဂူက ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ဖီဖာကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ပါဝင်နေဆဲဖြစ်ပြီး လက်ရှိမှာလည်း အင်တာမိုင်ယာမီနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နေပါတယ်။ မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။