The network connection is lost.

Banner Image

နိုင်ငံအသင်းအတွက်ကစားပေးရင်း ဒူးဒဏ်ရာရရှိခဲ့တဲ့ နယူးကာဆယ်စတားသစ်

နယူးကာဆယ်တိုက်စစ်မှူးသစ် ဝီဆာတစ်ယောက် ကွန်ဂိုအသင်းအတွက်ကစားပေးရင်း ဒူးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  သတင်းတွေအရ ဝီဆာဟာ ကွန်ဂိုအသင်းအတွက်ကစားပေးရင်း ဒူးဒဏ်ရာနဲ့ နယူးကာဆယ်ထံ ပြန်လည်ရောက်ရှိလာခဲ့တာလို့ သိရပြီး ဘယ်လောက်နားရမယ်ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဘရန့်ဖို့ဒ်စတားကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီး ဝုဗ်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေတယ်လို့ မျှော်လင့်ရပေမယ့် အခုချိန်မှာတော့ အနားယူရတော့မှာဖြစ်ပါတယ်။

အီဆက်နေရာအတွက် နယူးကာဆယ်ဟာ ဝီဆာကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပြီး စပယ်ရှယ်လစ်ဆရာဝန်တွေနဲ့ ပြသရဖွယ်ရှိနေပါတယ်။  နယူးကာဆယ်အသင်းမှာ နွေရာသီကစားသမားအသစ် ဂျက်ကော့ဘ်ရမ်ဆေးလည်း ခြေကျင်းဝတ်ဒဏ်ရာရရှိနေပြီး ၁ လလောက်နားရမှာဖြစ်ပါတယ်။ အသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်နေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီကတော့ တိုက်စစ်မှူးသစ် ဝိုလ်တီမိတ်တစ်ယောက် ဝီဆာမပါဝင်နိုင်တာကြောင့် ပွဲဦးထွက်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။

“သူ(နစ်)က လေ့ကျင့်ခန်းကောင်းကောင်းဆင်းနေသလို ပထမဆုံးရက်အနည်းငယ်အတွင်း ဘယ်လောက်အဆင်ပြေလဲဆိုတာကို ကြည့်ရပါမယ်။ သူ့အတွက် ကြီးမားတဲ့ပြောင်းလဲဖြစ်စေမှာဖြစ်သလို ကြီးမားတဲ့အခွင့်အရေးပါ။ သူ့မှာ ကောင်းမွန်တဲ့စရိုက်လက္ခဏာရှိပါတယ်။ ပြီးတော့ အရမ်းတည်ငြိမ်သလို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပါတယ်။ သူ့အရည်အချင်းကို သူကပြသနိုင်ပါတယ်။ ကျွန်တော်တို့ သူအထိုင်ကျတာနဲ့ပတ်သက်ပြီး တကယ်ကျေနပ်မိပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဘာစီလိုနာနဲ့မကန်ခင် အခုအပတ်မှာ ဝုဗ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။