အာဆင်နယ် နဲ့ ယူနိုက်တက်တို့ချိတ်ဆက်နေတဲ့ အီဆက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဟိုဝီ
နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက အသင်းကြီးတွေက ချိတ်ဆက်နေတဲ့ အီဆက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အီဆက်ဟာ နယူးကာဆယ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဝုဗ်နဲ့ပွဲမှာလည်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂေါ်ဒွန်ရဲ့တတိယမြောက်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆွီဒင်သားဟာ ဝုဗ်နဲ့ပွဲမှာ ဂိုးပေါက်တွေ့ခဲ့တာကြောင့် ၈ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ကစားသမား ၃ ဦးတည်းသာ အခုပရီးမီးယားလိဂ်မှာ ၈ ပွဲဆက်ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။
“ပထမဆုံးဂိုးက အဓိကကျခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့တာကိုလိုအပ်ခဲ့ပါတယ်။ သူ့အတွက် အဲ့ဂိုးကအဓိပ္ပာယ်ရှိခဲ့ပါတယ်။ လက်ရှိမှာသူလုပ်ပြနေတာတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးထားပါတယ်။ သူဘောလုံးနဲ့ ရွှေ့လျားနိုင်သလို ပထမဆုံးကန်ချက်က လူထိခဲ့တာကြောင့် အနည်းငယ်ကံကောင်းခဲ့ပါတယ်။ နည်းစနစ်ပိုင်းအရလည်း သူအကောင်းဆုံးအနေအထားမှာရှိနေခဲ့ပါတယ်။
သူ့ကိုအများကြီးမေးစရာမလိုပါဘူး။ ကျွန်တော်တို့ သူ့ဆီကိုပဲဘောလုံးပေးဖို့ လိုအပ်ပါတယ်။ အဲ့လိုသာဆိုရင် သူ့အတွက်က လုပ်ရကိုင်ရတာပိုလွယ်ကူစေပါတယ်။ အသင်းကြီးတွေက ချိတ်ဆက်နေပေမယ့် သူက ဒီမှာပျော်ပါတယ်။ ကျွန်တော်တို့လည်း သူနဲ့အလုပ်အတူတူတွဲလုပ်ရတာပျော်ပါတယ်။ အခုတော့ လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာလည်း အီဆက်က “ကျွန်တော် အရမ်းခံစားချက်ကောင်းနေပါတယ်။ ကျွန်တော့်ရည်မှန်းချက်က အမြဲတမ်းဂိုးသွင်းဖို့ပါ။ အဲ့တာက အသင်းကိုအကောင်းဆုံးကူညီတဲ့နည်းလမ်းလို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့တာက အသင်းစွမ်းဆောင်ရည်လို့ ကျွန်တော်ထင်ပါတယ်။ တိုက်စစ်တစ်ဦးတည်းစွမ်းဆောင်ရည်မဟုတ်ပါဘူး။ ခံစစ်ကလည်း အကောင်းဆုံးအနေအထားမှာရှိနေခဲ့ပါတယ်။
အပြင်ဘက်က ဆူညံနေပေမယ့် အသင်းအတွင်းမှာက ငြိမ်းချမ်းနေပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းစီကို အာရုံစိုက်နေပါတယ်။ အဲ့တာက အသင်းအတွင်းစွမ်းဆောင်ရည်ကို မြင်နိုင်ပါတယ်။ ကစားသမားတိုင်းကလည်း အကောင်းဆုံးစွမ်းဆောင်နေပြီး အဲ့တာကအသင်းကို အကျိုးဖြစ်စေပါတယ်”လို့ အီဆက်က ပြောကြားခဲ့ပါတယ်။