The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မတိုင်ခင် ကိုင်စီဒိုရဲ့ဒဏ်ရာနောက်ဆုံးအခြေအနေကို ရှင်းပြလာတဲ့ မာရက်စ်ကာ

အခုသီတင်းပတ်ကုန်၊ ချဲလ်ဆီးအသင်းရဲ့ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ကိုင်စီဒို ကြံ့ခိုင်မှုပြည့်ဝနေဖို့ အန်ဇိုမာရက်စ်ကာ မျှော်လင့်နေပါတယ်။ ဖလူမီနိစ်ကို ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ယူပြီးနောက် ချဲလ်ဆီးက လာမယ့်တနင်္ဂနွေနေ့၊ MetLife Stadium မှာ ပီအက်စ်ဂျီ(သို့)ရီးရဲလ်မက်ဒရစ်နဲ့ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲသွားရပါလိမ့်မယ်။ တိုက်စစ်မှူးသစ်ဂျော်အိုပက်ဒရိုရဲ့သွင်းဂိုးတွေနဲ့အတူ အခုလိုအောင်မြင်မှုမျိုးကို ရယူနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ကိုင်စီဒို ဒဏ်ရာရရှိသွားလို့ ချဲလ်ဆီးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စ ရှိလာခဲ့ပါတယ်။

ထုံးစံအတိုင်းပဲ အခုအချိန်မှာတော့ အာရုံစိုက်မှုတွေက တနင်္ဂနွေနေ့ဖိုင်နယ်ပွဲစဉ်ဆီ ရောက်ရှိနေပြီဖြစ်ပေမယ့် မာရက်စ်ကာကတော့ သူ့ရဲ့အသင်းကွင်းလယ်ပိုင်းတည်ဆောက်ပုံ သေချာမှုရှိစေဖို့ ညွှန်ကြားလာခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အနိုင်ရရှိမှုအပြီး အီတာလျံနည်းဗျူဟာရှင်က “ တနင်္ဂနွေနေ့ပွဲစဉ်မှာ ကွင်းတွင်းရှိနေစေရေးအတွက် လုပ်စရာရှိတဲ့အလုပ်တွေ အကုန်လုပ်သွားဖို့ ကိုင်စီဒိုကို ကျွန်တော် ပြောကြားခဲ့ပါတယ်” လို့ DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာအပြင် ကွန်ဖရန့်လိဂ်ချန်ပီယံဆုပါ ရယူနိုင်ခဲ့သလို အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နောက်ဆုံးဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ခဲ့လို့ ချဲလ်ဆီးအတွက် ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက “ ဒါက ကြီးကျယ်ခမ်းနားလှတဲ့ အောင်မြင်မှုတစ်ခုပါ။ ပရီးမီးယားလိဂ် TOP 4 ၊ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုအပြင် အခုဒီပြိုင်ပွဲကြီးမှာပါ ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိလာလို့ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာခဲ့ပါပြီ”လို့ ပြောပါတယ်။