The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲရှုံးနိမ့်မှုကို ယူနိုက်တက်ကစားသမားတွေ ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာ ရှင်းပြလိုက်တဲ့ မေဆင်မောင့်

ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ဟာ တိုးတက်ကောင်းမွန်ဖို့လိုအပ်နေတဲ့ နေရာများကို ရှာဖွေလုပ်ဆောင်သွာမည်ဖြစ်ကြောင်း မေဆင်မောင့်က ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ယခုရက်သတ္တပတ်အစောပိုင်းမှာ ပဲလေ့စ်ကို သက်တောင့်သက်သာဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စနေနေ့ တွေ့ဆုံမှုမှာတော့ ၃ ပွဲဆက်အနိုင်ရရှိဖို့ အခွင့်အရေးရှိနေခဲ့သော်လည်း အဝေးကွင်းအသင်းကသာ ပထမပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲကစားချိန် ၂၅ မိနစ်မတိုင်ခင်မှာ အမ်မရာဘတ်ကြောင့် ပေးလိုက်ရဲ့ ဖရီးကစ်ကန်တင်ချက်ကို အန်ဒါဆင်က ဂိုးရဲ့အပေါ်ထောင့်သို့ ကန်သွင်းယူခဲ့ကာ ဂိုးသမားအိုနာနာအနေနဲ့ မကွယ်ဖို့ ဘယ်လိုမှမတက်နိုင်ခဲ့ပါဘူး။ စောစောစီးစီး ဂိုးပေးခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု များခဲ့ပေမယ့် ယူနိုက်တက်ဟာ ရုန်းကန်ခဲ့ရပါတယ်။

 

ပွဲပြီးဖို့နီးလာသည်နှင့်အမျှ ယူနိုက်တက်ဟာ ပြိုင်ဘက်ဂိုးဧရိယာအတွင်းမှာ ဘာမှမလုပ်နိုင်ခဲ့တာကို တွေ့ခဲ့ရပြီး ပဲ့လေစ်အသင်းကတော့ အကောင်းဆုံး ခံစစ်ဆင်နိုင်ခဲ့ကာ တန်ဟက်ရဲ့အသင်းကတော့ လက်ရှိရာသီ ၇ ပွဲမှာ ၄ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

 

အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး MUTV သို့ မေဆင်မောင့်က "စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့က ဒီလိုပွဲ တွေကို အနိုင်ယူချင်ပါတယ်။ ခက်ခဲတဲ့ စတင်မှုဖြစ်သော်လည်း ကျွန်တော်တို့ လိုအပ်နေတယ်ဆိုတာ သိပါတယ်။ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေတဲ့အခါ ပြန်ရဖို့က အမြဲတမ်း ခက်ခဲနေမှာပါ။ အသင်းက ဂိုးရရှိဖို့ ဖန်တီးလုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်"

 

"ကျွန်တော်တို့မှာ အခွင့်အရေးအနည်းငယ်ရှိပေမယ့် မလုံလောက်ခဲ့တာကြောင့် တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတွေကို ပြန်ကြည့်ဖို့ လိုအပ်ပြီး ပွဲတွေမှာ အနိုင်ယူချင်တယ်ဆိုရင် တိုးတက်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့က ယှဉ်ပြိုင်ရတဲ့ပွဲတိုင်းကို အကောင်းဆုံး အဆုံးသတ်ချင်ပါတယ်"

 

"ဒါကြောင့် ဂိုးရရှိဖို့ ခက်ခဲခဲ့ပါတယ်။ ဂိုးသွင်းယူပြီးတာနဲ့ သူတို့က ကောင်းကောင်း ခံစစ်ဆင်ပြီး ကစားခဲ့ကြတာပါ။ ကျွန်တော်တို့အသင်းက ဂိုးသွင်းဖို့ အခွင့်အရေးရရှိခဲ့ပြီး ခက်ခဲခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အသင်းက တစ်ပွဲလုံးကို အနိုင်ရရှိဖို့ ကြိုးစားကစားခဲ့ပါတယ်" လို့ ပြောပါတယ်။

 

ဒုတိယပိုင်းအစမှာ သူ့ရဲ့ လွဲချော်ခဲ့တဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ "ဒါလော့က ဘောလုံးကို အကောင်းဆုံးပေးခဲ့တာပါ ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ချိန်မှာ ပခုံးကိုထိမိသွားပါပြီ။ အဲဒီထဲက တစ်ခုပါပဲ။ ကျွန်တော်သာ ဂိုးသွင်းနိုင်ခဲ့ရင် ပွဲထဲသို့ပြန်ရောက်သွားပြီး အနိုင်ရရှိဖို့ လုပ်ဆောင်သွားနိုင်မှာပါ"

 

"ဒါဟာ ကောင်းမွန်တဲ့ အနားသတ်တွေဖြစ်ပြီး လောလောဆယ်မှာတော့ ကျွန်တော်တို့ချမှတ်ထားတဲ့အတိုင်း မလုပ်နိုင်ခဲ့ပါဘူး" လို့ မောင့်က ပြောပါတယ်။