
အင်္ဂလန်အသင်းကနေ ဂျမေကာအသင်းကိုယ်စားပြုအဖြစ်ပြောင်းလဲတော့မယ့် မေဆင်ဂရင်းဝုဒ်
ယူနိုက်တက်တိုက်စစ်မှူးဟောင်း မေဆင်ဂရင်းဝုဒ်တစ်ယောက် အင်္ဂလန်အသင်းကနေ ဂျမေကာအသင်းကိုယ်စားပြုအဖြစ် ပြောင်းလဲတော့မယ်လို့ သိရပြီး စာရွက်စာတမ်းတွေပြည့်စုံခဲ့ပြီလို့ သိရပါတယ်။
သတင်းတွေအရ မေဆင်ဟာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ မာဆေးလ်စတားဟာ အင်္ဂလန်အသင်းမှာ နောက်တစ်ကြိမ်အရွေးမခံရတာကြောင့် ဂျမေကာနိုင်ငံအသင်းကိုယ်စားပြုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ တုန်းက အသက် ၂၁ အောက်အဖြစ်ရှိနေသလို အင်္ဂလန်အသင်းမှာလည်း ၁ ပွဲသာ ပါဝင်ခွင့်ရထားတာကြောင့် ဖခင်ဖြစ်သူဟာ ကာရေဘီယံကျွန်းစုနွယ်ဖွားဖြစ်တာကြောင့်လည်း အခုလိုမျိုးပြောင်းလဲနိုင်တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ ၂၀၂၂ ဇန်နဝါရီတုန်းက လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီတုန်းက ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ဂျမေကာအသင်းကို လက်ရှိအင်္ဂလန်အသင်းနည်းပြဟောင်း မက္ကလာရင်က ကိုင်တွယ်နေပြီး လာမယ့်လမှာ ၂ ပွဲကန်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် မာဆေးလ်အသင်းဘက်က အဆိုပါခြေစမ်းပွဲတွေကို မေဆင်အား လွတ်ဖွယ်မရှိပဲ လာမယ့်ဇွန်လမှာကန်မယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာမှ မေဆင်အနေနဲ့ ဂျမေကာအသင်းအတွက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။ မာဆေးလ်စတားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ထံကနေ မာဆေးလ်အသင်းထံအပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မာဆေးလ်အသင်းက လာမယ့်တနင်္ဂနွေနေ့မှာ နိုက်စ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။