The network connection is lost.

Banner Image

ခံစစ်မှူး ခေါ်ယူရေးတွင် ယူနိုက်တက်ကို အသာရရှိသွားတဲ့ ဘိုင်ယန်မြူးနစ်

နွေရာသီ အပြောင်းအရွှေ့ကာလတွင် သရဲနီတို့ဟာ ဂျွန်နသန်တာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နှင့် ပြိုင်ဆိုင်နေခဲ့တာပါ။သို့သော် ဂျာမနီလက်ရွေးစင် နောက်ခံလူ တာ ဟာ လေဗာကူဆင်မှ ထွက်ခွာပြီးနောက် ဘိုင်ယန်မြူးနစ်သို့ တရားဝင်ရောက်ရှိခဲ့ပြီဖြစ်ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။။

"ဘိုင်ယန်မှာ ရောက်ရှိလာလို့ အရမ်းပျော်ပါတယ်။ ဒီမှာ ကောင်းကောင်းကစားချင်ပါတယ်။ အသင်းအနေနဲ့ အောင်မြင်မှုရရှိပြီး ဖလားများစွာ အတူတူ ဆွတ်ခူးနိုင်ဖို့ နေ့စဉ် ကြိုးစားလုပ်ဆောင်သွားမှာပါ" လို့ ကစားသမားက ပြောပါတယ်။အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ၂၀၂၄ ခုနှစ် ဇာဗီ အလွန်ဆို လက်အောက်တွင် ဘွန်ဒက်စ်လီဂါ ဖလားနှင့် ဒီအက်ဖ်ဘီ ပိုကယ်လ် ဖလားတို့ကို ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့ပါတယ်။

တာကို ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဘွန်ဒက်စ်လီဂါ ရာသီအလိုက် အကောင်းဆုံး အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ယူရိုပါလိဂ် ရာသီအလိုက် အကောင်းဆုံး အသင်းတွင် သုံးကြိမ် ပါဝင်ခဲ့ပါတယ်။ အဆိုပါ နောက်ခံလူဟာ ဘိုင်ယန် လေဗာကူဆင်တွင် နောက်ဆုံး ၁၀ နှစ်ကြာ ရှိခဲ့ပြီး စုစုပေါင်း ၄၀၂ ပွဲ ကစားခဲ့ကာ စိန်ခေါ်မှုအသစ်တစ်ခုကို လိုလားနေခဲ့တာဖြစ်ပါတယ်။

ယနေ့အထိ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၃၅ ပွဲ ကစားခဲ့တဲ့ တာဟာ ဗင်းဆင့် ကွန်ပနီရဲ့ လက်အောက်တွင် ဟယ်ရီ ကိန်း ထကဲ့သို့ ကစားသမားများနှင့်အတူ ကစားတော့မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် လေဗာကူဆင်ဟာလည်း မန်နေဂျာ အလွန်ဆို တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားပြီးနောက် ခေတ်သစ်တစ်ခုအတွက် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဟာ ဂျာမန်ကလပ်တွင် အလွန်ဆိုရဲ့ နေရာကို ဆက်ခံရန် နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဇူလိုင် ၁ ရက်တွင် ရာထူးသစ်တွင် စတင်တာဝန်ထမ်းဆောင်မယ့် တန်ဟက်က "လေဗာကူဆင်ဟာ ဂျာမနီရှိ အကောင်းဆုံး ကလပ်များထဲမှ တစ်ခုဖြစ်ပြီး ဥရောပရှိ ထိပ်တန်းကလပ်များထဲတွင်လည်း ပါဝင်တယ်"

"ပြီးခဲ့တဲ့နှစ်တွေက ပြသခဲ့တဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး လုပ်ဆောင်ဖို့ လေဗာကူဆင်ကို ရောက်လာခဲ့တာပါ"  "ဒီပြောင်းလဲချိန်မှာ အတူတူ တစ်ခုခုကို တည်ဆောက်ပြီး ရည်မှန်းချက်ကြီးတဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ စိတ်ဝင်စားစရာ စိန်ခေါ်မှုတစ်ခုပါ" လို့ ပြောကြားထားပါတယ်။

ဒတ်ချ်နည်းပြဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ယူနိုက်တက်က သူ့ကို ထုတ်ပယ်ပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေခဲ့တာပါ။ အိုးထရက်ဖို့ဒ်တွင် ၎င်းတာဝန်ယူခဲ့စဉ် တန်ဟက်က ယူနိုက်တက်အား ၂၀၂၃ ခုနှစ်တွင် ကာရာဘောင်ဖလား နှင့် ၂၀၂၄ ခုနှစ်တွင် အက်ဖ်အေဖလား တို့ကို ရယူနိုင်ရန် ကူညီပေးခဲ့ပါတယ်။

လေဗာကူဆင် အားကစားဒါရိုက်တာ ဆိုင်မွန် ရော့ဖ်စ်က "အဲရစ် တန်ဟက်နဲ့အတူ ကျွန်တော်တို့ဟာ ကွင်းထဲမှာ အထင်ကြီးစရာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အတွေ့အကြုံရှိ နည်းပြတစ်ဦးကို ခေါ်ယူခဲ့တာပါ" "လိဂ်ဖလား သုံးကြိမ်နဲ့ ပြည်တွင်းဖလား နှစ်ကြိမ် ရရှိခဲ့ပြီး သူနဲ့ အေဂျက်စ်ဟာ ၂၀၁၈ ခုနှစ် ကနေ ၂၀၂၂ ခုနှစ်အထိ ဒတ်ချ်ဘောလုံးလောကကို လွှမ်းမိုးခဲ့ပါတယ်"

"အဲရစ်ဟာ ယူနိုက်တက်ရှိ အချို့အချိန်တွေမှာ ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ နည်းပြတစ်ဦးအနေနဲ့ သူ့ရဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။