နွေရာသီအပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ဆန်ကာတင်စာရင်းထဲမှာပါ ပါဝင်နေတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်
အမ်ဘာပေရဲ့ အနာဂတ်နဲ့နှင့် ပတ်သက်ပြီး အငြင်းအခုံဖြစ်နေကြပေမယ့် ပီအက်စ်ဂျီဥက္ကဌ အယ်ခါလိုင်ဖီက သူ့ဆန္ဒကို လိုက်လျောလိုက်ပြီဖြစ်ကြောင်း အသက် ၂၅ နှစ်အရွယ် ကစားသမားက ပြောကြားလိုက်ပါတယ်။
သတင်းတွေ ထွက်ပေါ်လာပြီးကတည်းက စပိန်သတင်းစာ Marca က အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ကလပ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာစေမယ့် သဘောတူညီမှုတစ်ခုလည်း ဖြစ်ပါတယ်လို့ ပြောထားပါတယ်။ ဒါဆိုရင် ပီအက်စ်ဂျီရဲ့ အမ်ဘာပေရဲ့နေရာမှာ ဘယ်သူက နေရာယူမှာလဲ။
ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ဟာ ပဲရစ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ရှိနေပါတယ်။
တကယ်တော့ လီဂူးဝမ်းအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ပေါင် သန်း ၁၀၀ တန် နာပိုလီတိုက်စစ်မှူး အိုဆီမန်နှင့်အတူ အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ ဆုံးဖြတ်ထားတယ်လို့ iNews က ဖော်ပြခဲ့ပါတယ်။
အမ်ဘာပေထွက်ခွာသွားပြီးနောက် ပီအက်စ်ဂျီရဲ့ နွေရာသီအပြောင်းအရွှေ့ အသုံးစရိတ်က ပေါင်သန်း ၂၀၀ ရှိမယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါကြောင့် ကလပ်ဟာ ဘာစီလိုနာကွင်းလယ်လူ ဂါဗီကိုပါ ခေါ်ယူနိုင်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဥက္ကဌ အယ်ခါလိုင်ဖီက ဆယ်ကျော်သက် ကစားသမားကိုရရှိဖို့ အရင်ကတည်းက လိုက်နေသူဖြစ်ပြီး စပိန်သားကို ပွဲဦးထွက်ခွင့်ပေးခဲ့တဲ့ လူးဝစ်အင်းနရစ်ကလည်း သူနဲ့ထပ်မံလက်တွဲလိုနေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား ကင်မစ်ချ်ကလည်း နောက်ထပ်အလားအလာရှိတဲ့ ပစ်မှတ်ဖြစ်ပြီး ဂျာမန်လက်ရွေးစင်ဟာ ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမှာပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်၊ အိုဆီမန်နှင့် ဂါဗီတို့ကသာ ပီအက်စ်ဂျီရဲ့ ဦးစားပေးဖြစ်ပါတယ်။
သောကြာနေ့နံနက်တွင် ကလပ်မှထွက်ခွာတော့မည်ဖြစ်ကြောင်း အမ်ဘာပေက အသင်းဖော်တွေကိုပြောကြားခဲ့တာဖြစ်ကြောင်း RMC Sportက ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေရဲ့ပြောကြားမှုက အချိန်အကြာကြီးမဟုတ်ဘဲ သူ့ရဲ့ပြောကြားမှုကို တသင်းလုံးကို လက်ခံခဲ့ကြပါတယ်။
ကစားသမားနှင့်ကလပ်တို့ဟာ အသင်းမှ ထွက်ခွာမှုကို လူသိရှင်ကြား အတည်ပြုရန် ပူးတွဲကြေညာချက်တစ်ခု ပြုလုပ်ရန် စီစဉ်နေကြသော်လည်း အဆိုပါနေ့ရက်ကို မသတ်မှတ်ရသေးကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။