The network connection is lost.

Banner Image

ယူနိုက်တက်မှာဆက်နေဖို့ ဖာနန်ဒက်စ်ကို အသင်းဖော်တွေ တိုက်တွန်း

သတင်းတွေအရ ယူနိုက်တက်အသင်းဖော်တွေဟာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ယူနိုက်တက်မှာဆက်နေဖို့ တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ တော့တင်ဟမ်နဲ့ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ အသင်းကို မဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအရေးနိမ့်မှုကြောင့် ယူနိုက်တက်ဟာ လာမယ့်ရာသီသစ်မှာ ဥရောပပြိုင်ပွဲမကန်ရပဲ ဖြတ်သန်းရမှာဖြစ်ပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ကိုလည်း ၄ ကြိမ်ဆက်အရေးနိမ့်တဲ့မှတ်တမ်းကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ သောကြာနေ့က သတင်းတွေအရ ယူနိုက်တက်အမှုဆောင် ဆာဂျင်မီဟာ ကုန်ကျစရိတ်လျော့ချဖို့ ဝန်ထမ်းတွေအင်အားကို လျော့ခဲ့တယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အပြင် စီနီယာကစားသမားအချို့ကို ရောင်းချဖို့ ကမ်းလှမ်းမှုတွေနားစွင့်နေတယ်လို့ သိရပါတယ်။

ပေါ်တူဂီသားဟာ ဘီလ်ဘာအိုမှာကန်ခဲ့တဲ့ပွဲအပြီး အင်တာဗျူးမှာ သူ့ရဲ့ထွက်ခွာမှုအကြောင်း ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော်အမြဲပြောသလို ကျွန်တော့်ကိုအသင်းဘက်ကလိုအပ်တဲ့အချိန်အထိ ရှိနေမှာပါ။ အသင်းဘက်က ထွက်ခွာသင့်ပြီလို့ မပြောခင်အထိပေါ့။ ကျွန်တော် အများကြီးပိုလုပ်ပေးချင်သလို အသင်းအတွက် နေ့ရက်ကောင်းတွေယူဆောင်လာပေးချင်ပါတယ်။ အသင်းဘက်က ထွက်ခွာဖို့တွေးလာမယ့်အချိန်တွေရှိလာတတ်ပါတယ်။ ဘောလုံးဆိုတာက အဲ့လိုပါပဲ။ ခင်ဗျားဘယ်တော့မှကြိုမသိရပါဘူး။ ဒါပေမယ့် ကျွန်တော် အမြဲပြောသလိုပါပဲ။ 

အသင်းဘက်က လမ်းခွဲရမယ့်အချိန်ရောက်လာခဲ့ရင် သူတို့ ငွေအင်အားလိုအပ်ချက်ရှိမယ်ဆိုရင် ထွက်ခွာနိုင်ချေရှိပါတယ်”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။ အယ်လ်-ဟီလယ်အသင်းဟာ ဖာနန်ဒက်စ်ကို ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ကမ်းလှမ်းမှုတစ်ခုလုပ်ထားပြီး တစ်ပတ်လုပ်ခပေါင် ၇ သိန်းအထိ လစာပေးချေမှာဖြစ်ပါတယ်။ ယူနိုက်တက်အမှုဆောင်တွေဘက်က ဖာနန်ဒက်စ်ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးပဲ အသင်းဖော်တွေကတော့ ပေါ်တူဂီသားကို အသင်းမှာပဲဆက်နေစေချင်နေကြပါတယ်။

“ဘရူနိုကိုဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် အသင်းဖော်တွေက သူဘယ်လောက်အရည်အချင်းရှိလဲဆိုတာ သိကြပါတယ်။ သူက တောင်းဆိုနိုင်သလို အားလုံးကလည်း သူ့ကိုလေးစားကြပါတယ်။ ပြီးတော့ သူဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို မက်ဆေ့ချ်ပေးကြပါတယ်။ တကယ်လို့ သူထွက်ခွာမယ်ဆိုရင် အသင်းအဝတ်လဲခန်းက ပြိုလဲမှာပါ”လို့ တစ်စုံတစ်ယောက်က ပြောကြားခဲ့ပါတယ်။

အာမိုရင်ဟာ ဗီလာနဲ့ရာသီပိတ်ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေကို တောင်းပန်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ “ကျွန်တော်တို့ အဲ့တာကို လုပ်ရပါမယ်။အခုချိန်က အပြောင်းအလဲကာလပါ။ ကျွန်တော်တို့ အဲ့တာကို ရင်ဆိုင်ရပါမယ်။ အဲ့လိုမှမလုပ်ရင် အဲ့တာက အကြီးမားဆုံးအမှားဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲ့တာကို လုပ်ရပါမယ်။ တောင်းပန်မှုက ရှင်းလင်းပါတယ်။ ရှင်းပြမှုပါ။ ခင်ဗျားမှာ အချိန်မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အရိုးသားဆုံးပြောတာပါ။ကျွန်တော်ပြောတာကို ကျွန်တော့်စိတ်ထဲမှာကော နှလုံးသားထဲမှာပါရှိပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။