ဆာအဲလက်စ်နှင့် စကားပြောခဲ့တာကို ပြောကြားလိုက်တဲ့ အာမိုရင်
ယူနိုက်တက်နည်းပြချုပ် အာမိုရင်ဟာ ကလပ်နှင့်ပတ်သက်ပြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် စကားပြောခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်နှင့်ပွဲမတိုင်မီမှာ သူတို့နှစ်ဦးဟာ နွေးထွေးတဲ့အခိုက်အတန့်ကို အတူမျှဝေခဲ့ကြတာဖြစ်ပြီး ဂန္တဝင်နည်းပြကြီးဟာ သူ့ရဲ့မိတ်ဆွေ ဒန်းနစ်လောအတွက် လွမ်းသူ့ပန်ခွေချပေးဖို့ ကွင်းအတွင်းသို့ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
ဆာအဲလက်စ်ရောက်တဲ့အချိန်မှာပဲ အမ်မိုရင်ဟာ ကလပ်အတွက် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ရယူပေးခဲ့တဲ့ နည်းပြကြီးနှင့် စကားပြောခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စကော့တလန်သားကြီးနဲ့ စကားပြောဖြစ်ခဲ့သလားလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။
"ကျွန်တော်ဟာ ဆာဆဲလက်စ်နဲ့ အကြိမ်များစွာ စကားပြောဖူးပါတယ်။ အပြုသဘောဆောင်ဖို့အတွက်က ကျွန်တော်က သူ့ကိုစတင်နှုတ်ဆက် စကားပြောခဲ့ပါတယ်" "ကျွန်တော်က ကလပ်ရဲ့သမိုင်းကြောင်း သိရှိခံစားရတာ တကယ်ကိုကောင်းပါတယ် ဒါပေမဲ့ သူတို့တွေက ဒီလိုမျိုးအကောင်းဆုံးလုပ်ပြီး လက်ရှိအချိန်မှာ အသင်းက အခုလိုဖြစ်နေတာက အရမ်းကိုခက်ခဲပါတယ်" "တကယ်ကိုခက်ခဲပေမယ့် ကျွန်တော်တို့က ယုံကြည်ထားရမှာဖြစ်ပါတယ်" လို့ ဖြေပါတယ်။
ယူနိုက်တက်ရဲ့ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် နှစ်သစ်ကူးမှာ ဘရိုက်တန်နှင့်ပွဲတွင် ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူး၊ အာဆင်နယ်နှင့် ဆောက်သမ်တန်တို့နှင့်ပွဲမှာ ခြေစွမ်းကောင်းခဲ့ပြီးနောက် အခုလိုဖြစ်လာခဲ့ရတာပါ။ ကြာသပတေးနေ့မှာတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရိန်းဂျားစ်နှင့် ယူရိုပါလိဂ်ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး နောက်တစ်ဆင်သို့တက်ရောက်ဖို့အတွက် အနိုင် ၃ မှတ် လိုနေတာဖြစ်ပါတယ်။
အဆိုပါပွဲကို ဆာအဲလက်စ်ကတော့ လွဲချော်မှာမဟုတ်ပါဘူး၊ သူဟာဆိုရင် ဂလက်စ်ဂိုအသင်းကြီးမှာ ၂ ရာသီကြာ ရှိခဲ့တာဖြစ်ပြီး ၁၉၆၀ ခုနှစ်တွေမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။