
အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်
ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။
ဂိုးသမားနေရာအတွက် မာတီနက်ဇ်ကို ကနဦးကမ်းလှမ်းမှုမပြုလုပ်ရသေးပဲ အခြားငယ်ရွယ်တဲ့ဂိုးသမား ဒါမှမဟုတ် မာတီနက်ဇ်လိုအတွေ့အကြုံရှိတဲ့ဂိုးသမားမျိုးကိုခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အိုနာနာဒဏ်ရာရရှိခဲ့တာက ယူနိုက်တက်အတွက်ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး တံကောက်ကြောဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
အစောပိုင်းစစ်ဆေးမှုတွေအရ ကစားသမားဟာ ၆ ပတ်ကနေ ၈ ပတ်လောက်အထိ နားရနိုင်တယ်လို့ ယူဆနေကြပေမယ့် အခုအပတ် မယ်ရာသတင်းဌာနကတော့ ကစားသမားအခြေအနေဟာ ဆိုးဝါးမှုမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ ရိုမာနိုရဲ့အဆိုအရ အိုနာနာပြန်လာနိုင်ချေက သံသယရှိနေဆဲဖြစ်ပြီး ငယ်ရွယ်တဲ့ဂိုးသမားလား ဒါမှမဟုတ် မာတီနက်ဇ်လိုအတွေ့အကြုံရှိတဲ့ဂိုးသမားမျိုးခေါ်ယူမလားဆိုတာ မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။
အသင်းဘက်က အာဂျင်တိုင်းသားကိုခေါ်ယူနိုင်ဖို့ ကစားသမားအလဲအထပ်နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ကန်ဟာ နဲ့ အမ်ဘွီမိုတို့ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ်ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ အသင်းမှာမလိုအပ်တော့တဲ့ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ဟာ မနေ့ညတုန်းက ပထမဆုံးခြေစမ်းပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ကန်ခဲ့ပေမယ့် သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။