ပေါင် ၉.၅သန်းတန် ဘရိုက်တန်စတားကို အငှားဖြင့်ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ခဲ့ဖူးတဲ့ ယူနိုက်တက်
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဒူးဏ်ရာရရှိကာ ၆ လ နားခဲ့ရပြီးနောက် ပြန်ကစားနိုင်ပြီဖြစ်သော်လည်း ဘရိုက်တန်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒီရာသီလက်ရှိအချိန်ထိ အန်စီဆိုဟာ ပရီးမီးယားလိဂ် ၂ ပွဲသာ ကစားထားရပြီး အရန်ခုံကနေ ၁၀ ပွဲ ဝင်ရောက်ကစားထားပါတယ်။
ပေါင် ၉.၅သန်းဖြင့် ၂၀၂၂ ခုနှစ်မှာ ဘရိုက်တန်ကိုရောက်လာခဲ့တဲ့ ပါရာဂွေးနိုင်ငံသားဟာ အခုတော့ လက်ကျန်ရာသီပွဲစဉ်တွေကို တန်းဆင်းဇုန်မှာရုန်းကန်နေရတဲ့ မက်ကန်နာရဲ့ အသင်းသို့ အငှားဖြင့် ပြောင်းဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပါရာဂွေး သတင်းစာဖြစ်တဲ့ Versus က ယူနိုက်တက်ဟာ အန်စီဆိုထံ ချဉ်းကပ်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ သူ့ကို ချဲလ်ဆီးနှင့် နာပိုလီတို့ စိတ်ဝင်စားနေတဲ့ ဂါနာချိုရဲ့နေရာကို အစားထိုးဖို့အတွက် စောင့်ကြည်နေခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
သို့သော်လည်း ကစားသမားက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ပွဲကစားချိန်ပိုရဖို့ သေချာတဲ့ အင်းဆွစ်သို့တာ ပြောင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဒီတစ်ပတ်အတွင်း ဂါနာချိုအတွက် နာပိုလီနှင့်ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး အာဂျင်တီးနားသားအတွက် တန်ကြေးသတ်မှတ်ရေးမှာ ကလပ်နှစ်ခုအကြား သဘောတူညီမှုမရရှိနေတာဖြစ်ပါတယ်။
ဂါနာချိုအတွက် သတ်မှတ်ဈေးက ယူရို ၆၅ သန်း (ပေါင် ၅၄.၉ သန်း)အောက်နည်းပေမယ် နာပိုလီကတော့ ယူရို ၅၅ သန်း (ပေါင် ၄၆.၄ သန်း) လောက်သာ ပေးချေလိုနေတာဖြစ်ပါတယ်။ အခုတော့ နာပိုလီဟာ နောက်ထပ်ပစ်မှတ်ကို ရှာဖွေနေပြီး ဒေါ့မွန်က အက်ဒီရယ်မီကို ကမ်းလှမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။