ဘိုင်ယန်စတားကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်ဟာ အခုဆောင်းဈေးကွက်မှာ ဘိုင်ယန်စတား မက်တီတဲလ်ကိုခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါအပြောင်းအရွှေ့ ရက်ရှ်ဖို့ဒ် ဒါမှမဟုတ် ဂါနာချိုတို့ထဲက တစ်ယောက်ယောက်ထွက်မှသာ ခေါ်ယူဖွယ်ရှိနေပါတယ်။ တဲလ်ဟာ ၂၀၂၂ တုန်းက ရန်းနက်စ်အသင်းထံကနေ ပေါင်သန်း ၂၀ နဲ့ ဘိုင်ယန်အသင်းထံပြောင်းလာခဲ့ပေမယ့် အခုချိန်မှာတော့ ဂျာမန်ကလပ်ကနေထွက်ခွာဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။
အဆိုပါအနေအထားကြောင့် အသင်းတော်တော်များများက တဲလ်ကိုခေါ်ယူဖို့ ချိတ်ဆက်လာခဲ့ကြတာဖြစ်ပါတယ်။ စကိုင်းဂျာမနီသတင်းတွေအရ ယူနိုက်တက်ဟာ တဲလ်ကိုစိတ်ဝင်စားနေပြီး ခေါ်ယူမှုပြုလုပ်ဖို့ကတော့ ဂါနာချို နဲ့ ရက်ရှ်ဖို့ဒ်တို့ထဲကတစ်ယောက်ယောက်ထွက်မှသာ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ တဲလ်ကိုစိတ်ဝင်စားနေတာက အခုတစ်ကြိမ်တည်းတင်မဟုတ်ပဲ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီတုန်းကလည်း အသည်းအသန်ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဘာစီလိုနာက ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်အခြေအနေကို စိတ်ဝင်စားနေပြီး မှန်ကန်တဲ့အနေအထားမျိုးဆိုရင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဂါနာချိုကိုတော့ ချဲလ်ဆီး နဲ့ နာပိုလီတို့က ချိတ်ဆက်နေပေမယ့် အပြောင်းအရွှေ့အတွက်တော့ မထူးခြားသေးတာဖြစ်ပါတယ်။
၂၀၂၂ - ၂၃ ရာသီမှာ တဲလ်တစ်ယောက် ၄၁ ပွဲပါဝင်ခဲ့ပြီးနောက် ၁၀ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အဲ့နောက် ဒီရာသီမှာတော့ ၁၃ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ၃ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်ကိုသာပြောင်းဖြစ်ခဲ့မယ်ဆိုရင် တဲလ်အနေနဲ့ အာမိုရင်လက်အောက်မှာ နေရာရလာဖွယ်ရှိနေပြီး ဘိုင်ယန်ဘက်က ကစားသမားကို လက်လွှတ်မလားဆိုတာ သေချာမသိရသေးတာဖြစ်ပါတယ်။