
မက်ဂွါရီအပေါ် ဝေဖန်မှုတွေကို မိခင်ဖြစ်သူ ပြင်းပြင်းထန်ထန် တုံ့ပြန်
အင်္ဂလန်အတွက်နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲက စွမ်းဆောင်ရည်ကြောင့် နောက်တန်းကစားသမားဟာ ဝေဖန်ခြင်းခံခဲ့ရပြီးနောက် သူမရဲ့သားကိုကာကွယ်ခဲ့သလို ဆိုရှယ်မီဒီယာတွင်လည်း မက်ဂွါရီရဲ့ မိခင်က ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ မက်ဂွါရီဟာ အင်္ဂါနေ့က စကော့တလန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ ပွဲချိန်တစ်ဝက်တွင် လူစားဝင်ရောက်လာခဲ့ပြီး ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူက ကံမကောင်းစွာဘဲ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပါတယ်။
အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ မက်ဂွါရီဟာ မကြာသေးမီလများအတွင်း ခက်ခဲတဲ့ကာလကို ဖြတ်ကျော်ခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် ပွဲထွက်ခွင့်မရရှိခဲ့သော်လည်း ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်နည်းပြကြီးဟာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သူ့ရဲ့ကစားသမားအပေါ် ကာကွယ်ပြောဆိုခဲ့ပြီး ကစားသမားရဲ့မိခင် ဇိုးကလည်း သူမရဲ့အမြင်ကို ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပြီး နောက်တန်းကစားသမားအပေါ် ပြောဆိုမှုတွေအပေါ် ဝေဖန်ခဲ့ပါတယ်။
"ကလပ်နှင့်နိုင်ငံ့လက်ရွေးစင်အသင်း အတွက် ကြိုးစားပြီး ကစားပေးနေတဲ့ ကျွန်မရဲ့သားက ပရိသတ်၊ အားကစားဝေဖန်သူနှင့် ဆိုရှယ်မီဒီယာ တချို့ထံကနေ ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးပြောကြားခြင်းခံခဲ့ရတဲ့အပေါ် လုံးဝလက်မခံနိုင်ဘူး" "ကျွန်မက ပုံမှန်အတိုင်းပဲ ပွဲကြည့်စင်မှာရှိနေခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေက လက်ခံနိုင်စရာမရှိပါဘူး။ ဘောလုံးလောကမှာ အတက်အကျ၊ အပြုသဘောနှင့် အနုတ်လက္ခဏာများ ရှိနေတာကို နားလည်သော်လည်း ဟယ်ရီ ရရှိခဲ့တဲ့အရာက ကျော်လွန်သွားပြီဖြစ်ပါတယ်။ သူဖြတ်သန်းနေတာကို မြင်နေရတာက အဆင်မပြေပါဘူး"
"အနာဂတ်မှာ တခြားမိဘတွေ ဒါမှမဟုတ် ကစားသမားတွေက ဒါများတွေကို ကြုံတွေလာရနိုင်ပြီး အထူးသဖြင့် ဒီနေ့ခေတ်မှာရှိနေတဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုကြုံဆုံရတာကို ကျွန်မမုန်းမိပါတယ်။ ဟယ်ရီမှာ ကြီးမားသော နှလုံးသားရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တာကြောင့်သာ ကောင်းစွာ ကိုင်တွယ်နိုင်တာဖြစ်ပပါတယ်။။ ဘယ်သူ့ကိုမှ ဒီလိုမျိုး အစော်ကားမခံစေချင်ပါဘူး" လို့ မက်ဂွါရီရဲ့ မိခင်က ပြောထားပါတယ်။
မက်ဂွါရီဟာ ယခုရာသီတွင် ကလပ်အတွက် မကစားရသေးသော်လည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပိုလန်မှာ ကစားခဲ့တဲ့ ယူကရိန်းနှင့် ၁-၁ သရေကျခဲ့တဲ့ပွဲမှာလည်း ဆောက်ဂိတ်ရဲ့အသင်း အတွက် ပါဝင်ခဲ့ပါတယ်။ သူဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန်လက်ရွေးစင် အသင်းမှာ သက်တမ်းတစ်လျှောက်မှာ ပါဝင်ခဲ့ရပြီး စကော့တလန်ပွဲအပြီးတွင် မက်ဂွါရီအပေါ် အမြဲလိုလိုဟာသနေနဲ့လုပ်ကာ ဝေဖန်မှုတွေကို အင်္ဂလန်နည်းပြက ရှုပ်ချခဲ့ပါတယ်။
"အဲဒါက သူ့ကို အချိန်အတော်ကြာအောင် ရယ်စရာအဖြစ် ဆက်ဆံမှုရဲ့ အကျိုးဆက်ပါပဲလို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ စကော့တလန်ပရိသတ်တွေမဟုတ်ဘဲ ကျွန်တော်တို့ဘက်က ဝေဖန်သူတွေက သူ့အပေါ် ဒီလိုဆက်ဆံနေတာကို ကျွန်တော်မသိခဲ့ပါဘူး" "သူတို့က ကျွန်တော်မြင်ဖူးသမျှထက် ကျော်လွန်တဲ့အရာတစ်ခုကို ဖန်တီးခဲ့တယ်။ သူဟာ ဆယ်စုနှစ်တွေကြာတဲ့အထိ ဒုတိယအအောင်မြင်ဆုံး ဖြစ်တဲ့ အင်္ဂလန်အသင်းမှာ ကျွန်တော်တို့အတွက် လုံးဝကို ကြံ့ခိုင်တဲ့သူပါ။ မက်ဂွါရီက အဲ့ဒီလိုအောင်မြင်မှုအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်"
"ကျွန်တော်တို့ စီနီယာ ကစားသမားတွေရဲ့ အရေးပါမှုကို ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲဒီအထဲမှာ သူက အရေးပါပါတယ်။ သူကွင်းထဲသွားတိုင်း သူပြသခဲ့တဲ့ ခံနိုင်ရည်ရှိမှု သူပြသတဲ့ စွမ်းဆောင်ရည်က လုံးဝကို မယုံနိုင်စရာပါပဲ။ သူက ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အားလုံးက သူနဲ့အတူရှိနေကာ ဒီနေ့ညမှာတော့ ပရိသတ်တွေက သူနဲ့အတူ တောက်ပနေခဲ့ပါတယ်" လို့ ဆောက်ဂိတ်က ပြောပါတယ်။