
အယ်လ်ခမာကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့သရော်ခြင်းခံခဲ့ရတဲ့ မက်ဒီဆင် နဲ့ ဗီကာရီယို
တော့တင်ဟမ်ပရိသတ်တွေဟာ အယ်လ်ခမာအသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ကစားသမားတွေဖြစ်တဲ့ မက်ဒီဆင် နဲ့ ဗီကာရီယိုတို့ကို သရော်ခဲ့ကြပါတယ်။ အဆိုပါပွဲမှာ တော့တင်ဟမ်ရဲ့စွမ်းဆောင်ရည်က ကျဆင်းခဲ့ပြီး ၁-၀ နဲ့ အယ်လ်ခမာကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။အိမ်ရှင်အသင်းက ပထမအကျော့မှာ အသာရထားတာကြောင့် ဒုတိယအကျော့အတွက် အခြေအနေကောင်းခဲ့ပြီဖြစ်ကာ တော့တင်ဟမ်ပရိသတ်တွေက ကစားသမားတွေရဲ့အာရုံစူးစိုက်မှုနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြပါတယ်။
သတင်းတွေအရ ဗီကာရီယိုဟာ အဆိုပါအခြေအနေကြောင့် စိတ်ပျက်ပြီး ဥမင်ထဲကိုတန်းဝင်ခဲ့တယ်လို့ သိရပါတယ်။ မက်ဒီဆင်ကလည်း ပရိသတ်တွေထံ လက်ဖြန့်ပြီး သူ့ရဲ့စိတ်ပျက်မှုကို ပြသခဲ့တာဖြစ်ပါတယ်။ လူမှုမီဒီယာမှာတော့ ပရိသတ်တွေက ဗီကာရီယိုရဲ့အပြုအမူနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တစ်ဦးကတော့ ဗီကာရီယိုအနေနဲ့ အသင်းအကျီကို နောက်တစ်ကြိမ်မဝတ်တော့ရင် သူတို့ပျော်ရွှင်မိမှာလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အဲ့တာအပြင် နောက်ထပ်ပရိသတ်တစ်ဦးကလည်း ဗီကာရီယိုဟာ သူတို့ကိုဂရုမစိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကို ကန်နေရတာဖြစ်ပြီး ဒုတိယအကျော့အဖြစ် လာမယ့်အပတ်မှာ အယ်လ်ခမာအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။ ပိုစတီကိုဂလူကတော့ ဒုတိယအကျော့မှာ ပထမအကျော့ရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်နေပါတယ်။