
ဇာဘီအလွန်ဆိုရဲ့စီမံကိန်း စတင်ရုံပဲရှိသေးတယ်လို့ သုံးသပ်လိုက်တဲ့ လူးဝစ်အင်းနရစ်
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဇာဘီအလွန်ဆိုလက်အောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပျောက်ဆုံးချို့ယွင်းနေတဲ့အရာ ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းတွေ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ဆီ ရောက်ရှိလာပါတယ်။ အခုပွဲစဉ်မှာ ဇာဘီအလွန်ဆိုရဲ့အသင်းကို လူးဝစ်အင်းနရစ်ရဲ့အသင်းက လေးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း အင်းနရစ်က “ အလွန်ဆိုအတွက် ရာသီကြိုကာလတစ်ခုတော့ လိုအပ်ပါတယ်။ သူ့အတွက် သက်သေပြနေစရာ ဘာမှမလိုပါဘူး။ အလွန်ဆိုရဲ့စီမံကိန်းက အခုမှ စတင်နေရုံပဲ ရှိပါသေးတယ်။ ဒီအချက်မှတဆင့် ဘာကို ကောက်ချက်ဆွဲနိုင်မလဲ? ကျွန်တော်က ကျွန်တော်တို့အသင်းစီမံကိန်းအတွက် နှစ်နှစ်လောက် အလုပ်လုပ်နေခဲ့ပြီးပါပြီ။ ပီအက်စ်ဂျီနဲ့ အလွန်ဆိုရဲ့ရီးရဲလ်မက်ဒရစ်ကို နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
အလွန်ဆိုက အခုနှစ်၊ မေလကုန်ပိုင်းမှသာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြတာဝန် စတင်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်ကို အမှတ်ရသင့်ပါတယ်။ အခုအချိန်အထိ စပိန်သားနည်းပြလက်အောက် မက်ဒရစ်အခြေစိုက်ကလပ်က ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ခြောက်ပွဲသာ ကစားထားပြီး လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုတဲ့ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။