The network connection is lost.

Banner Image

ဘိုင်ယန်ကိုမပြောင်းခင် ဘာစီလိုနာနဲ့ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ဒီယက်ဇ် အတည်ပြု

ဘိုင်ယန်စတား ဒီယက်ဇ်က သူ့အနေနဲ့ ဂျာမန်ကလပ်ကိုမပြောင်းခင် ဘာစီလိုနာအသင်းနဲ့ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ ကိုလံဘီယာသားဟာ ဘာစီလိုနာရဲ့ပစ်မှတ်တွေထဲကတစ်ယောက်ဖြစ်ခဲ့ပေမယ့် လီဗာပူးအသင်းဘက်က ဘိုင်ယန်ရဲ့ကမ်းလှမ်းမှု ကိုသာ လက်ခံခဲ့ပါတယ်။ ဘိုင်ယန်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီး ဒီယက်ဇ်က နွေရာသီတုန်းက ဘာစီလိုနာအသင်းရဲ့ချဉ်းကပ်မှုကို လက်ခံရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာထက် ဘိုင်ယန်ကိုသာ ရွေးချယ်ခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

“ကျွန်တော် ဒီလိုထိပ်တန်းအသင်းထံပြောင်းရွှေ့ခွင့်ရလို့ အရမ်းပျော်ပါတယ်။ ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ကျွန်တော်က ကျွန်တော့်အနာဂတ်အတွက် အကောင်းဆုံး ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုထိပ်တန်းအသင်းထံပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျွန်တော် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ချဲလ်ဆီးနဲ့ပွဲက နိုင်ပွဲအတွက် အရမ်းပျော်ပါတယ်။ အဲ့တာက ကျွန်တော်မျှော်လင့်ချက်တွေနဲ့ရှင်သန်ရတာပါ။ အခုလိုအစပိုင်းမှာ နိုင်ပွဲက အရေးပါပါတယ်။ လက်ရှိအချိန်က အနားယူရမယ့်အချိန်ပါ”လို့ ဒီယက်ဇ်က ဖြေကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ နွေရာသီတစ်လျှောက်လုံး ဒီယက်ဇ်ကို ချိတ်ဆက်ခဲ့ပေမယ့် လီဗာပူးနဲ့ဆွေးနွေးမှုတွေက အဆင်မပြေခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဘာစီလိုနာဘက်က နီကိုဝီလီယံဘက်ကိုပြောင်းလဲခဲ့ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဘီလ်ဘာအိုမှာသာ ဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဆုံးသတ်မှာ ဘာစီလိုနာအနေနဲ့ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ကိုသာ တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပါတယ်။ ဒီယက်ဇ်ဟာ ဘိုင်ယန်နဲ့အတူ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ လာမယ့်ကြာသပတေးနေ့မှာ နယူးကာဆယ်နဲ့ချန်ပီယံလိဂ်အဖွင့်ပွဲကန်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်က ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။