
ရာသီဥတုအခြေအနေကြောင့် Sporting KC အသင်းနဲ့ပွဲကို မပါဝင်ဖို့ အလိုရှိနေတဲ့ မက်ဆီ
အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီက ရာသီဥတုအခြေအနေက အနုတ် ၂၄ ဒီဂရီလောက်ရှိနေတာကြောင့် Sporting KC အသင်းနဲ့ ကွန်ကာကက်ဖ်ပွဲကို မပါဝင်ဖို့ အလိုရှိနေကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီဟာ ၂၀၂၅ ရဲ့ပထမဆုံးပွဲအဖြစ် ကန်းဆက်မြို့မှာ Sporting KC အသင်းနဲ့ကန်ရမှာဖြစ်ပြီး ရာသီဥတုအခြေအနေက အေးလွန်းနေတယ်လို့ သိရပါတယ်။
မိုးလေဝသကတော့ ကွင်းထဲမှာ အနုတ် ၁၅ ဒီဂရီလောက်ရှိနေမယ်လို့ ခန့်မှန်းခဲ့ပေမယ့် လေပြင်းကြောင့် အနုတ် ၂၄ ဒီဂရီအထိ ရှိနေမယ်လို့ သိရပါတယ်။ ရာသီဥတုအခြေအနေဆိုးဝါးခဲ့ရင် အဆိုပါပွဲကို ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ရာသီဥတုအဆင်ပြေမယ့်နေရာမှာကန်ဖို့ ပြောဆိုနေကြပါတယ်။ သတင်းထောက် ပါနီဇိုရဲ့အဆိုအရ မက်ဆီဟာ ရာသီဥတုအခြေအနေကြောင့် ပါဝင်နိုင်ဖို့ ငြင်းဆန်နေတယ်လို့ ဆိုပါတယ်။
“သတင်းတွေအရ မက်ဆီတစ်ယောက် အဆိုပါပွဲကို မပါဝင်ချင်ဘူးလို့ ပြောနေကြပါတယ်။ ပါဝင်မလား ဒါမှမဟုတ် မပါဝင်ဘူးလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ ပါဝင်ကစားဖို့တော့ သေချာသလောက်ရှိနေပါတယ်”လို့ သတင်းထောက် ဖရန်ကိုက ပြောကြားခဲ့ပါတယ်။ မက်ဆီရဲ့သူငယ်ချင်းဖြစ်သူ ဆွာရက်ဇ်ကလည်း အအေးဒဏ်နဲ့ပတ်သက်ပြီး မက်ဆီပြောကြားခဲ့တာကို “သူ နှင်းထဲမှာကန်ရတာကို ကြောက်တယ်ဆိုတာ ကျွန်တော့်ကိုပြောပါတယ်။ အဲ့တာနဲ့ ခင်ဗျား အအေးဒဏ်နဲ့အသားကျအောင်လုပ်ရမယ်လို့တောင်ပြန်ပြောခဲ့ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။
မေဂျာလိဂ်သမိုင်းမှာ ၂၀၁၉ တုန်းက Colorado Rapids နဲ့ Portland ပွဲကို အနုတ် ၇ ဒီဂရီနဲ့ ကန်ခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီ နဲ့ Sporting KC အသင်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ Chase Stadium ကွင်းမှာ ကန်မှာဖြစ်ပါတယ်။