The network connection is lost.

Banner Image

အသင်းဖော်တွေကို လွမ်းဆွတ်နေမှာဖြစ်တယ်လို့ ဘိုင်ယန်စတား ထုတ်ဖော်ပြောကြား

ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့တော့မယ့် ဘိုင်ယန်တောင်ပံကစားသမား ဆာနေးတစ်ယောက် အသင်းဖော်တွေကို လွမ်းဆွတ်နေမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ဆာနေးဟာ ဘိုင်ယန်အတွက်နောက်ဆုံးပွဲအဖြစ် ဖလာမင်ဂိုအသင်းကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာနောက်ဆုံးကန်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက တနင်္လာနေ့မှာကုန်ဆုံးမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ ဂါလာတာစာရေးကစားသမားဖြစ်လာမယ့် ဆာနေးဟာ ဘိုင်ယန်ရဲ့စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှုကို ပယ်ချပြီးနောက် အသင်းပြောင်းတော့မှာဖြစ်ပါတယ်။
ဆာနေးဟာ ၂၀၂၀ တုန်းက မန်စီးတီးထံမှ ပေါင် ၄၁ သန်းနဲ့ ဘိုင်ယန်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၂၃ ပွဲမှာ ၆၁ ဂိုးသွင်း ၊ ၅၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ - ၂၅ ရာသီမှာတော့ ဘိုင်ယန်အတွက် ၄၈ ပွဲမှာ ၁၃ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားမပြီးခင်အထိ ကွန်ပနီရဲ့အစီအစဉ်ထဲမှာ ပါဝင်မှာဖြစ်ပါတယ်။ အသင်းမပြောင်းခင် အသက် ၂၉ နှစ်သားဟာ ဘိုင်ယန်အသင်းဖော်တွေနဲ့အတူ နောက်ဆုံးညနေခင်းကို ဖြတ်သန်းခဲ့ပါတယ်။

“သူတို့(ဘိုင်ယန်အသင်းဖော်တွေ)က ကစားသမားကောင်းတွေဖြစ်သလို လူကောင်းတွေပါ။ ပြီးတော့ ဝန်ထမ်းတွေလည်း အတူတူပါပဲ။ ကျွန်တော်ဒီမှာ နေရာကိုနှစ်သက်ပါတယ်။ အသင်းဖော်တွေကိုလည်း လွမ်းနေမှာပါ။ ကျွန်တော် ဒီညနေခင်းကို သူတို့နဲ့အတူ ကုန်ဆုံးချင်ပါတယ်”လို့ ဆာနေးက ဖြေကြားခဲ့ပါတယ်။ ဆာနေးဟာ အခုအပတ်မှာ ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့မှာဖြစ်ပြီး ဘိုင်ယန်က ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။