မာရက်စ်ကာနှင့် ပတ်သက်ပြီး ချဲလ်ဆီးအသင်းပိုင်ရှင်များထံ ပြောကြားလိုက်တဲ့ လမ်းပတ်
ပိုချက်တီနိုဟာ ရာသီကုန်တွင် စတန်းဖို့ဒ်ဘရစ်ချ်မှ အံ့အားသင့်ဖွယ်ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးအသင်းဟာ လက်စတာစီးတီးနှင့်အတူ ချန်ပီယံရှစ်ဖလားရရှိခဲ့တဲ့ မာရက်စ်ကာကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၂၀၂၃-၂၄ ရာသီတွင် အမှတ်ပေးဇယားရဲ့အလယ်မှာ ရုန်းကန်နေရသော်လည်း နောက်ဆုံး ၅ ပွဲတွင် အနိုင်ရရှိခဲ့ပြီး အဆင့် ၆နေရာဖြင့် ရာသီပတ်နိုင်ခဲ့ကာ ဥရောပဝင်ခွင့်ရရှိခဲ့ပါတယ်။
ပိုချက်တီနိုဟာ လာမယ့်ရာသီတွင် အလားအလာရှိတဲ့ပုံစံကို တည်ဆောက်ဖို့ အခွင့်အလမ်းရရှိရန် မျှော်လင့်ထားသော်လည်း အာဂျင်တီးနားဟာ စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကလပ်မှ ထွက်ခွာရန် သဘောတူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်များဟာ ၅ နှစ်တာကာအတွင်း ၆ ဦးမြောက် နည်းပြ ခန့်အပ်မှုအဖြစ် မာရက်စကာအား ခန့်အပ်ခဲ့ပြီး ဆုဖလားတွေရယူပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
မာရက်စကာကို ခန့်အပ်မှုနဲ့ သူ့ရဲ့အသင်းဟောင်း ချဲလ်ဆီးမှာ ကစားပုံအခြေအနေတွေကို မေးမြန်းရာမှာ လမ်းပတ်က TalkSPORT သို့ "ရာသီကုန်မှာ အပြုသဘောဆောင်တဲ့ အဆုံးသတ်ကို မြင်တွေ့ရတာ ကောင်းပါတယ်" "အရင်ရာသီရဲ့နောက်ကွယ်မှာ ကျွန်တော်အဲဒီမှာရှိနေခဲ့ပြီး ခက်ခဲတဲ့တည်ဆောက်မှုတွေနဲ့ အသင်းရဲ့လက်ရှိနေရာနှင့် ထိပ်တန်းအသင်းတွေအကြား ကွာဟမှုကြောင့် ခက်ခဲတဲ့မေးခွန်းဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပါတယ်" "ပြီးတော့ ကွာဟချက် ရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး နည်းပြသစ်ကို သူ့အလုပ်တွေလုပ်ဖို့၊ အသင်းကို အကဲဖြတ်ဖို့၊ အသင်းအတွက် သက်ရောက်မှုရှိနိုင်ပြီး ကစားသမားတွေကို ခေါ်ယူဖို့ အခွင့်အရေးပေးဖို့လိုပါတယ်"
"နောက်နှစ်မှာ သူတို့ ဘယ်လိုသွားမလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာဖြစ်ပေမယ့် သူတို့ဟာ အပြုသဘောဆောင်တဲ့ အရာတစ်ခုနဲ့ ပြီးဆုံးသွားတာကို တွေ့ရမှာပါ။ အခုရာသီအစမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ" ပြောပါတယ်။
ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ လမ်းပတ်ဟာ မနှစ်က စတန်းဖို့ဒ်ဘရစ်ချ်တွင် ဒုတိယမြောက်တာဝန်ယူမှု ပြီးဆုံးချိန်မှစပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။ အဲဗာတန်၊ ဒါဘီကောင်တီတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြက ပြီးခဲ့ ၁၂ လအတွင်း ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် နည်းပြအလုပ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
"မှန်ကန်တဲ့ အခွင့်အလမ်းကို ရှာချင်ပါတယ်" လို့ သူ့ရဲ့ အလုပ်အကိုင် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ လမ်းပတ်က ပြောပါတယ်။ "နည်းပြအလုပ်က ဘဝကို လွှမ်းမိုးနိုင်လို့ အနားယူရတာ ကျွန်တော်ပျော်ပါတယ်" "ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပြီလို့ ခံစားရတဲ့ အခွင့်အလမ်းတချို့ ကြုံလာပါပြီ၊ ဒီအလုပ်ကိုလည်း နှစ်သက်ပြီး ကိုယ်လုပ်တာကို နှစ်သက်တဲ့အတွက် ဘယ်လိုအခွင့်အလမ်းတွေ ပေါ်လာမလဲဆိုတာကို တွေ့ရမှာပါ" လို့ လမ်းပတ်က ပြောပါတယ်။
လမ်းပတ်ဟာ ယူနီဆက်ဖ်အတွက် Soccer Aid World XI နှင့် တနင်္ဂနွေနေ့မှာ ကစားမယ့် ပရဟိတပွဲအတွက် သူ့ရဲ့ ဦးလေး ဟယ်ရီရက်နပ်နှင့်အတူ အင်္ဂလန်ကို နည်းပြမှာဖြစ်ပါတယ်။