အခက်တွေ့နေချိန် ဘာနာဒိုဆေးလ်ဗားရှိနေမှုက ကံကောင်းမှုတစ်ရပ်ပါလို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အခုလက်ရှိအခိုက်အတန့်မှာ သူ့ရဲ့ကစားသမားတွေအကုန်လုံး ခြေစွမ်းပြသနိုင်ခြင်းမရှိဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ပုံစံကောင်းရှာတွေ့နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
သူတို့တွေက ပြီးခဲ့တဲ့သီတင်းပတ်၊ အက်စတွန်ဗီလာကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ၁၂ ပွဲကစား၊ ကိုးပွဲရှုံးရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက “ ပွဲထွက်ကစားသမားတွေထဲမှာ ဗဟိုခံစစ်မှူးမရှိဘူးဆိုရင် လူငယ်ကစားသမားပူဆေး ဝင်ရောက်ကစားရပါလိမ့်မယ်။ ကျွန်တော်တို့မှာရှိနေတဲ့ကစားသမားအင်အားက ဒီလောက်ပါပဲ။
ကျွန်တော်တို့မှာ ဘာနာဒိုဆေးလ်ဗားလို ကစားသမားမျိုးတွေ အများကြီးရှိနေတာက ကံကောင်းတာပါပဲ။ ဘာနာဒိုဆေးလ်ဗားက ကျွန်တော့်လိုပဲ ထူးရှယ်ကစားသမားကောင်းတစ်ဦးဆိုတာ သိပါတယ်။ အကျပ်အတည်းတွေထဲမှာ သူ့ရဲ့ပြေးလွှားပုံတွေ၊ သူ့နှလုံးသားနဲ့ ကြိုးစားပြပုံတွေက အရမ်းကောင်းပါတယ်။
သူက မယုံကြည်နိုင်လောက်စရာ တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့အားလုံးအတွက် မယုံကြည်နိုင်စရာ စံနမူနာပြကစားသမားတစ်ဦး ဖြစ်ပါတယ်။ မတူညီတဲ့ နေရာပေါင်းစုံမှာ ကစားပြနိုင်တယ်။ အသင်းကို ကူညီပေးဖို့လည်း အမြဲတမ်းကြိုးစားနေတယ်။ တချို့အခြေအနေတွေမှာဆိုရင် ကွင်းတွင်းဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဖတ်ရှုနားလည်နိုင်ပါတယ်။ ကွင်းလယ်တိုက်စစ်ပဲဖြစ်ဖြစ်၊ ကွင်းလယ်အထိုင်ပဲဖြစ်ဖြစ်၊ ခံစစ်ပိုင်းကို အမြဲတမ်းကူညီပေးပါတယ်။
ရီကိုလီဝစ်အတွက်ဆိုရင်ရော ကျွန်တော် ဘယ်လိုပြောရမလဲ? သူက ကျွန်တော်တို့အသင်း ရုန်းကန်နေရချိန်မှာ ပိုမိုထိန်းချုပ်ပေးနိုင်ဖို့ ဘယ်နောက်ခံလူနေရာရော၊ ညာနောက်ခံလူနေရာမှာပါ ကစားပေးနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ပုံမှန်လိုမျိုး မကစားနိုင်သေးပါဘူး။ အသင်းက နိုင်ပွဲတွေဆက်တိုက်ရရှိလာတာပဲဖြစ်ဖြစ်၊ ကစားသမားတွေပြန်စုံလာတာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည် ပိုကောင်းလာပါလိမ့်မယ်”လို့ ပြောပါတယ်။