ယူရို ၂၀၂၄ မှာ အင်္ဂလန်ရဲ့ ပေါလ်ဂက်စ်ကိုဂျီး အသစ်ဖြစ်လာနိုင်တယ်လို့ ပြောကြားခြင်းခံလိုက်ရတဲ့ ကိုဘီမိုင်နူး
ယူရို ၂၀၂၄ တွင် ကိုဘီမိုင်နူးဟာ အင်္ဂလန်ရဲ့နောက်ထပ် ပေါလ်ဂက်စ်ကိုဂျီး ဖြစ်လာမယ်လို့ ပြောကြားခြင်းခံခဲ့ရပြီး ယူနိုက်တက်ကြယ်ပွင့်ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုဖို့ ဆောက်ဂိတ်က တိုက်တွန်းခြင်း ခံထားရပါတယ်။
လက်ရှိရာသီတွင် ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ မိုင်နူးဟာ ယူရို ၂၀၂၄ အတွက် ဂျာမနီသို့ မသွားမီ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပထမဆုံးခေါ်ယူခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်းတွေကြောင့် အင်္ဂလန်နောက်ခံလူဟောင်း ပရေ့စ်က အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး ဇွန်လ ၁၆ ရက်နေ့ အဖွင့်ပွဲစဉ်အတွက် ဆားဘီးယားနှင့် ယှဉ်ပြိုင်ကစားရတဲ့အခါ အဆိုပါ ကစားသမားက ပွဲထွက်စာရင်းတွင် ပါဝင်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
BoyleSports သို့ " မိုင်နူးဟာ အဓိကပြိုင်ပွဲများတွင်မကြာခဏဖြစ်ပျက်လေ့ရှိသလို ယူရို ၂၀၂၄ တွင်အင်္ဂလန်အတွက် မထင်မှတ်ထားတဲ့ ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ခေတ်က နာမည်ကျော်ကြားမှုကို မြှင့်တင်နိုင်ခဲ့တဲ့ ဒက်စ်ဝေါလ်ကာနှင့် ဒေးဗစ်ပလက်တို့အပြင် ပေါလ်ဂက်စ်ကိုဂျီးလည်း ရှိခဲ့ပါတယ်။ မိုင်နူးဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သလို ယူနိုက်တက်မှာ အံဝင်ခွင်ကျရှိပြီး အသင်းအတွက် ကြီးမားတဲ့မြှင့်တင်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ သူဟာ အင်္ဂလန်ရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရပြီး ဒါဟာလက်ရှိအင်္ဂလိပ်ဘောလုံးလောကရဲ့ အလှတရားပါပဲ။ လူငယ်ကစားသမားတွေဟာ အခွင့်အလမ်းတွေရကြပြီး သူတို့ပတ်ဝန်းကျင်မှာ အရမ်းကိုသက်တောင့်သက်သာရှိနေကြပါပြီ" လို့ ပြောပါတယ်။
ပရေ့စ်က "ကွင်းလယ်မှာ ဒီကလန်ရိုက်စ်၊ ကိန်းရဲ့နောက်မှာ ဘယ်လင်ဂမ်၊ ဆာကာနဲ့ ဖိုဒန်တို့ကို တောင်ပံမှာ ထားရပါမယ်။ ရိုက်စ်နဲ့တွဲပြီး ကွင်းလယ်အထိုင် နောက်ထပ်ရှိသေးပြီး ဒီအချိန်မှာ ယူနိုက်တက်အတွက် ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့ မိုင်နူးလို့ ကျွန်တော်ထင်ပါတယ်။ ပုံစံကောင်းရှိနေတဲ့ လူငယ်အသင်းတစ်သင်းဖြစ်ပြီး ဆောက်ဂိတ်ဟာ ရိုက်စ်ကိုချန်လှပ်ပြီး မိုင်နူးလိုမျိုး ကစားသမားတစ်ယောက်ယောက်ကို ပွဲထွက်ဖို့ နှင့် တိုက်စစ်ကစားသမားတစ်ဦးအတွက် ပါလ်မားကလည်း ရွေးချယ်စရာဖြစ်နေပါတယ်" လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးပြိုင်ပွဲကို အနိုင်ရဖို့ ကြိုးစားနေပါတယ်။ ဂါရတ်ဆောက်ဂိတ်ဟာ သူ့ရဲ့ ကစားသမား၂၆ ဦးစာရင်းတွင် တောင့်တင်းမှုရှိနေသော်လည်း ဟန်ချက်မှန်စေဖို့ကတော့ သေချာပေါက် မလွယ်ကူပါဘူး။ ကြီးကြီးမားမားခေါ်ဆိုမှုအချို့ပြုလုပ်ရမှာဖြစ်ပြီး ဆယ်ကျော်သက်ကွင်းလယ်ကစားသမားကို ကြီးကျယ်တဲ့စင်မြင့်ပေါ်တွင် ထားရှိဖို့ အဆင်သင့်ဖြစ်မဖြစ် ဆောက်ဂိတ်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် မိုင်နူးဟာ သောကြာည အိုက်စလန်နှင့် ကစားရမယ့် ယူရို ၂၀၂၄ မတိုင်မီ နောက်ဆုံးခြေစမ်းပွဲတွင် ပွဲထွက်ခွင့်ရရှိနိုင်ပါတယ်။