The network connection is lost.

Banner Image

ပီအက်စ်ဂျီအတွက် စတင်မှုတစ်ခုသာဖြစ်တယ်လို့ ကြွေးကြော်လိုက်တဲ့ အသင်းဥက္ကဋ္ဌအယ်လ်ခါလိုင်ဖီ

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်း ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌအယ်လ်ခါလိုင်ဖီက Sky Sport သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးအစီအစဉ်အတွင်း အယ်လ်ခါလိုင်ဖီက “ ချဲလ်ဆီးကို ဂုဏ်ပြုပါတယ်။ သူတို့တွေ ဆုဖလားနဲ့ ထိုက်တန်ပါတယ်။ အခုဘောလုံးရာသီ၊ ကျွန်တော်တို့အသင်းရရှိခဲ့တဲ့ အံ့ဖွယ်အရာတွေအတွက်လည်း ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေ ဗိုလ်လုပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတာ အမှန်တရားပါ။ ဒါပေမဲ့ ဒါက ဘောလုံးပဲ ဖြစ်ပါတယ်။

အနိုင်ရရှိချိန်မှာ နှိမ့်ချရသလို ရှုံးနိမ့်ချိန်မှာလည်း နှိမ့်ချရပါမယ်။ ဒါက ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် အလှပဆုံးဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါပြီ။ ပွဲစဉ်တစ်ခုတည်းနဲ့တော့ ဘယ်အရာကိုမှ ပြောင်းလဲသွားစေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ နည်းပြအတွက်ရော၊ ကစားသမားတွေအတွက်ရော၊ နည်းနစ်ပိုင်းဝန်ထမ်းတွေအတွက်ပါ အထူးဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က အခုဘောလုံးရာသီမှာ ဗိုလ်လုပွဲငါးခုအထိ တက်ရောက်နိုင်ပြီး လေးခုကို အနိုင်ရရှိခဲ့ပါတယ်။

ကျွန်တော်တို့က ဒီပြိုင်ပွဲရဲ့အသက်အရွယ်အားဖြင့် အငယ်ဆုံးအသင်းဖြစ်သလို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာလည်း အသက်အငယ်ဆုံးအသင်း ဖြစ်ပါတယ်။ ဒါကြောင့် အခုအခြေအနေက ကျွန်တော်တို့အတွက် အစလောက်ပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။