
The network connection is lost.

အာဆင်နယ်အသင်းစတားဟောင်း ကီဗင်ကမ်းဘဲလ်က အသင်းဟောင်းအနေနဲ့ နာပိုလီအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး အိုဆီမင်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို အသည်းအသန်ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ အိုဆီမင်ကိုသာ ခေါ်ယူသင့်တယ်လို့ တွေးထင်နေပါတယ်။
အိုဆီမင်ဟာ နာပိုလီအသင်းကို ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို အသင်းအတွက် ၁၀၇ ပွဲမှာ ၆၂ ဂိုးသွင်း ၊ ၁၅ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနာဂတ်က နာပိုလီအသင်းမှာ ဆက်ရှိနေဖို့ မသေချာသလို ပရီးမီးယားလိဂ်ကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။
“အိုဆီမင်အတွက် ဘယ်လောက်ကုန်ကျနိုင်မှာလဲ။ ဒါပေမယ့် ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒီလိုကစားသမားမျိုးကို လိုချင်တယ်ဆိုရင် မင်းအနေနဲ့ ငွေအများအပြားတော့ပေးချေရမှာပါ။ ချန်ပီယံလိဂ်ကရတဲ့ငွေနဲ့ဆိုရင် အာဆင်နယ်အနေနဲ့ အိုဆီမင်ကို ခေါ်ယူလို့ရနိုင်ပါတယ်”လို့ ကမ်းဘဲလ်က ပြောကြားခဲ့ပါတယ်။
ကမ်းဘဲလ်က တိုနေးကို ခေါ်ယူရေးအတွက်လည်း မငြင်းဆန်ခဲ့ပေမယ့် အာဆင်နယ်အနေနဲ့ နောက်ထပ်ပစ်မှတ်ကိုပြောင်းလဲသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘရန့်ဖို့ဒ် နည်းပြကလည်း တိုနေးကို ဇန်နဝါရီမှာ လက်လွှတ်ရနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားခဲ့ပါတယ်။