ယူရိုပြိုင်ပွဲအပြီးမှာ ဆော်ဒီမြေကနေပြောင်းဖို့ တံခါးဖွင့်ထားတဲ့ ကန်တီ
ချဲလ်ဆီးကွင်းလယ်လူဟောင်း ကန်တီကတော့ ယူရိုပြိုင်ပွဲအပြီးမှာ ဆော်ဒီမြေကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားတယ်လို့ ပြောကြားလိုက်ပြီး ချဲလ်ဆီးက မိမိကို တိုးတက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်သားဟာ ဒက်စ်ချမ့်ရဲ့အသင်းမှာ ခြေစွမ်းကောင်းတွေပြသနေပြီး သြစတြီးယားကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲအပြင် နယ်သာလန်ကို သရေကျခဲ့တဲ့ပွဲမှာ အဓိကနေရာကနေ စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ကန်တီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီပရိုလိဂ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယူရိုအပြီးမှာ ဆော်ဒီမြေကို စွန့်ခွာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က အင်တာဗျူးမှာ “နိုး။ အဲ့တာက မပြီးဆုံးသေးပါဘူး။ ကျွန်တော် ချီးကျူးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဆော်ဒီမြေက ဘောလုံးမြေအသစ်ပါ။ အတွေ့အကြုံအသစ်လည်းရပါတယ်။ ဒီခံစားချက်ကို နောက်တစ်ကြိမ်ပြင်သစ်အသင်းနဲ့အတူ ရှာဖွေခွင့်ရတာက လှပပါတယ်။ အဲ့တာက ကျွန်တော့်ကို ထိစေပါတယ်။ ကျွန်တော်တို့ ပိုလုပ်ချင်ပါတယ်။ ဒါပေမယ့် အဲ့တာက မေးခွန်းမဟုတ်ပါဘူး။ ဒီနေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော်မေးဖြစ်ပါတယ်။ ကျွန်တော်ခံစားချက်က ကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အယ်လ်-အီတီဟက်အသင်းနဲ့ အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ပြင်သစ်အသင်းနဲ့အတူ ကောင်းမွန်တဲ့ပြင်ဆင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော် ခံစားချက်ကောင်းနေသလို ဒီခံစားချက်ကိုလည်း ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်ရင် ကျွန်တော့်နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် ဆက်ကစားချင်ပါတယ်”လို့ ကန်တီက ပြောကြားခဲ့ပါတယ်။
ကန်တီဟာ လက်စတာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးထံပြောင်းရွှေ့ခဲ့ပြီး တိုက်စစ်ပိုင်းလိုက်ပါမှုပါ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ “မှန်ကန်တဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဘာလုပ်ရမလဲဆိုတာ သိသင့်ပါတယ်။ ဒီလိုအရာတွေကို ကျွန်တော် ချဲလ်ဆီးအသင်းမှာ သင်ယူခွင့်ရခဲ့ပါတယ်။ ကျွန်တော် ပြင်သစ်အသင်းအတွက် ရင့်ကျက်မှုအပြင် ခံစားတတ်မှုအပိုင်းပါ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ အခုချိန်မှာ ကောင်းကောင်းအလုပ်ဖြစ်နေပါတယ်။ ကျွန်တော်ပြောခဲ့သလို အရေးအကြီးဆုံးအရာက ပြီးပြည့်စုံဖို့ပါ။ အဲ့တာက အခြားပတ်ဝန်းကျင်ကို အကာအကွယ်ဖြစ်စေပါတယ်”လို့ ကန်တီက ထပ်လောင်းပြောကြားခဲ့ပါတယ်။