The network connection is lost.
သောမက်စ်မူလာဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ်ဆိုတာ ကြားသိခဲ့ပြီးနောက် ဂျာမနီအသင်းဖော် ကိုင်ဟားဗက်ဇ်ကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့ညက မဲခွဲမှုအရ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာပါ။ မူလာက ချက်ချင်းဆိုသလိုပဲ အဆိုပါ မဲခွဲမှုရလဒ်ကို လူမှုကွန်ရက်ပေါ်ကနေ ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။
မူလာက "ကဲ အာဆင်နယ်တဲ့ဗျာ။ ကိုင်ဟားဗက်ဇ်ရေ သူငယ်ချင်း မင်းကို ငါစောင့်နေမယ်နော်။ တကယ်ကောင်းတဲ့ အသင်းနှစ်သင်း တွေ့ကြတာပါ။ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ငါကတော့ အမြဲတမ်း အကောင်းပဲတွေးနေပါတယ် "လို့ ပြောခဲ့ပါတယ်။
မူလာရဲ့ မှတ်ချက်စကားအပေါ်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေကြား ဟာသလုပ်သူ၊ ငြင်းခုန်သူတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ တချို့ဆိုရင်လည်း "RIPပါ အာဆင်နယ်ရေ"ဆိုပြီး နောက်ပြောင်ခဲ့ကြသလို တချို့ကလည်း ချန်ပီယံလိဂ်ပွဲမတိုင်ခင် မူလာရဲ့ဗီဒီယိုကြည့်ရတာ တကယ်မိုက်ပါတယ်ဆိုပြီး ပြောခဲ့တာတွေရှိပါတယ်။
ပရိသတ်တွေပြောသလိုပဲ ဘိုင်ယန်မြူးနစ်ဟာ အာဆင်နယ်ကို ချန်ပီယံလိဂ် နောက်ဆုံး၃ပွဲဆက် ၅-၁ဂိုးနဲ့ အပြတ်အသတ်အနိုင်ရရှိထားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မူလာရဲ့စိန်ခေါ်မှုအပေါ် ကိုင်ဟားဗက်ဇ်က "ရယ်နေတဲ့ အီမိုဂျီတွေနဲ့ တကယ့်ပွဲကောင်းဖြစ်မယ်ဆိုတာ သေချာပါတယ်။"ဆိုပြီး လူမှုကွန်ရက်မှာ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။