
သမိုင်းတစ်လျှောက်အစောဆုံးတန်းဆင်းစေခဲ့ပြီးနောက် ဆောက်သမ်တန်ကနေထွက်ခွာခဲ့တဲ့ ဂျူရစ်
သမိုင်းတစ်လျှောက်အစောဆုံးတန်းဆင်းစေခဲ့ပြီးနောက် ဆောက်သမ်တနည်းပြ ဂျူရစ်တစ်ယောက် အသင်းကနေထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၃-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်ဟာ ချန်ပီယံရှစ်ကို တန်းဆင်းစေခဲ့တာဖြစ်ပါတယ်။ ဂျူရစ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အစောဆုံးတန်းဆင်းခဲ့ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီဇင်ဘာတုန်းက ဂျူရစ်ဟာ မာတင်နေရာမှာ အစားဝင်ခဲ့ပြီး ဆောက်သမ်တန်ကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူရောက်လာပြီးကတည်းက ဆောက်သမ်တန်ဟာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့ပါတယ်။ တန်းဆင်းခဲ့ရပြီးနောက် ဂျူရစ်က “ကျွန်တော့်အတွက် ဒါက လုံးဝအသစ်တစ်ခုဖြစ်သလို အတွေ့အကြုံအသစ်တစ်ခုပါ။ ကျွန်တော် ကစားသမားတွေ နဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
သူတို့ အသင်းအတွက် အများကြီးပေးဆပ်ခဲ့ကြပါတယ်။ သူတို့က အခုထက်ပိုပြီး ထိုက်တန်ကြပါတယ်။ အခုယဉ်ကျေးမှု အီတလီမှာနဲ့ဆင်တူပါတယ်။ ဒါက အင်္ဂလိပ်ယဉ်ကျေးမှုဖြစ်သလို ဆောက်သမ်တန်ယဉ်ကျေးမှုပါ”လို့ ဂျူရစ်က ပြောကြားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဘက်ကလည်း ဂျူရစ်ထွက်ခွာမှုကို အခုမနက်ခင်းတုန်းက အတည်ပြုခဲ့ပါတယ်။ “ဒီနေ့မှာ ကျွန်တော်တို့နဲ့ ဂျူရစ်တို့ကြား လမ်းခွဲဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ အိုင်ဗန်က အသင်းဆီကို ခက်ခဲတဲ့အချိန်မှာ ရောက်လာခဲ့ပြီး အသင်းကိုကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ ကျွန်တော်တိုပ မျှော်လင့်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် အိုင်ဗန် နဲ့ သူ့အဖွဲ့ဝင်တွေလုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ချင်ပါတယ်။
အခုတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ နည်းပြသစ်ရှာဖွေရတော့မှာပါ။ အသင်းပရိသတ်တွေရဲ့အားပေးမှုကို ကျေးဇူးတင်ပါတယ်။ ခက်ခဲတဲ့ရာသီဖြစ်ခဲ့ပေမယ့် ပရိသတ်တွေက အင်ပြည့်အားပြည့်နဲ့ကို အားပေးခဲ့ကြပါတယ်။ တန်းဆင်းဇုန်စိန်ခေါ်မှုရှိပေမယ့် ကျွန်တော်တို့ပစ်မှတ်ကို နောက်တစ်ကြိမ်ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာပါ”လို့ ဆောက်သမ်တန်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လက်ကျန် ၇ ပွဲကျန်နေသေးပေမယ့် ဆောက်သမ်တန်ဟာ တန်းဆင်းခဲ့ပြီဖြစ်သလို နည်းပြ ဂျူရစ်မရှိတာကြောင့် ယာယီနည်းပြအဖြစ် အဒမ်လယ်လာနာက ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။