The network connection is lost.

Banner Image

လီဗာပူးက ချိတ်ဆက်ခဲ့တဲ့အပေါ် တုံ့ပြန်လာတဲ့ တီကိုစတားရဲ့အေးဂျင့်

၂၀၂၄ နွေရာသီအတွင်း တီကိုအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို လီဗာပူးအသင်းက ချိတ်ဆက်ခဲ့တဲ့အပေါ် ကစားသမားရဲ့အေးဂျင့်က တုံ့ပြန်လာပါတယ်။ သတင်းတွေအရ လီဗာပူးအသင်းဟာ အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ လူးဝစ်ဒီယက်ဇ်ကို အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပေမယ့် ကစားသမားရဲ့အေးဂျင့်က တရားဝင်ကမ်းလှမ်းမှုမရှိခဲ့ဘူးလို့ အတည်ပြုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ မန်စီးတီးစတားဟောင်းကို ဒီယက်ဇ်နဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က တီကိုအသင်းမှာပဲ ပျော်ရွှင်နေသလို ဆီမြွန်နီလက်အောက်မှာ အလျင်အမြန်အထိုင်ကျခဲ့တာဖြစ်ပါတယ်။

သတင်းတွေထွက်ခဲ့ပေမယ့်လည်း ကစားသမားအေးဂျင့်က သူ့ကစားသမားအနာဂတ်ကို ရှင်းလင်းခဲ့ပါတယ်။ “ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးဘက်က  ဘာတရားဝင်ကမ်းလှမ်းမှုမှမရှိခဲ့ပါဘူး။ အရာအားလုံးက သတင်းအမှားတွေပါ။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာကမ်းလှမ်းမှုမှမရှိခဲ့သလို တီကိုဘက်ကလည်း သူတို့ကစားသမားကို မရောင်းချချင်ပါဘူး။ ဒါကြောင့် ဆွေးနွေးမှုတွေလည်း မရှိခဲ့ပါဘူး။ ကစားသမားက တီကိုအသင်းအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်”လို့ ဖာနန်ဒိုက ပြောကြားခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ တီကိုအသင်းနဲ့အတူ ပထမရာသီမှာတင် အသင်းအတွက် ၅၇ ပွဲမှာ ၂၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ တီကိုပရိသတ်တွေကလည်း အယ်လ်ဗာရက်ဇ်အခြေအနေကို မစိုးရိမ်ပဲ ဆီမြွန်နီလက်အောက်မှာပဲ ဆက်ရှိနေမယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ အာဂျင်တိုင်းသားမပါပဲ အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ အီဆက် ၊ အက်ကီတီကီတို့ကိုခေါ်ယူပြီး အသင်းကိုတည်ဆောက်ထားခဲ့ပါတယ်။