The network connection is lost.

Banner Image

ယူရိုပါလိဂ်အုပ်စုမဲခွဲပွဲမတိုင်ခင် ချန်ပီယံဖြစ်လာဖို့ ရေပန်းအစားဆုံးအသင်းကို ရွေးချယ်ခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုက အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သူ့ရဲ့အသင်းဟောင်းပေါ်တိုကို ရွေးချယ်ခဲ့ပါတယ်။ လက်ရှိမော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီကတော့ ဗုဒ္ဓဟူးညပိုင်း၊ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ဘင်ဖီကာကို ရှုံးနိမ့်ပြီးနောက် သောကြာနေ့၊ ယူရိုပါလိဂ်အုပ်စုအဆင့်မဲခွဲပွဲအတွက် မဲအိုး(၂)မှာ ပါဝင်လာပါတယ်။

အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်တို့လည်း အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကိုယ်စားပြုကလပ်အသင်းတွေအဖြစ် ပါဝင်လာဖို့ရှိနေပြီး အခုသီတင်းပတ်၊ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့လည်း ဒီပြိုင်ပွဲမှာ ရှိနေပါလိမ့်မယ်။ အခုအချိန်မှာတော့ မော်ရင်ဟိုက သောကြာနေ့၊ ဗြိတိန်စံတော်ချိန်မွန်းလွဲပိုင်း ယူရိုပါလိဂ်မဲခွဲပွဲမှာ ဘယ်အသင်းနဲ့ရင်ဆိုင်ရဖို့ရှိလာမလဲဆိုတာကို စောင့်ဆိုင်းနေပါတယ်။

ဒါပေမယ့် ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်နည်းပြဟောင်းက မဲအိုး(၁)မှာ ရောက်ရှိနေတဲ့ သူ့ရဲ့အသင်းဟောင်းပေါ်တိုကို အလွန်အင်အားတောင့်တင်းတဲ့အသင်းလို့ ယုံကြည်နေပါတယ်။ မော်ရင်ဟိုက “ ကျွန်တော်တို့အသင်းက အမှတ်ပေးဖလားမဆွတ်ခူးနိုင်တာ နှစ်အတော်ကြာပြီဖြစ်လို့ ဒီဆုဖလားကပဲ ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်။

ယူရိုပါလိဂ်ကလည်း ကျွန်တော်တို့ရဲ့အလားအလာတွေနဲ့ပိုကိုက်ညီတဲ့ ပြိုင်ပွဲတစ်ခုဆိုတာ သိသာထင်ရှားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ယူရိုပါလိဂ်ခရီးစဉ်တစ်ခု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂလက်စ်ကိုမြို့မှာ ထူခြားပြောင်မြောက်လှတဲ့စွမ်းဆောင်မှုတစ်ခုအပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

အခု ကျွန်တော်တို့တွေ နောက်တစ်ကြိမ်ကြိုးစားသွားရပါလိမ့်မယ်။ ယူရိုပါလိဂ်မှာ အသင်းကောင်းတွေ ရှိနေပေမယ့် ချန်ပီယံလိဂ်နဲ့တော့ အဆင့်အတန်းချင်း ကွာခြားနေတုန်းပါပဲ။ ဒါပေမဲ့ ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ပေါ်တိုက အလွန်အင်အားတောင့်တင်းပါတယ်” လို့ ဗုဒ္ဓဟူးနေ့၊ လစ္စဘွန်းမှာ ဘင်ဖီကာကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ပြောကြားခဲ့ပါတယ်။