The network connection is lost.

Banner Image

အိုက်စလန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ခြေဖဝါးဒဏ်ရာကြောင့် အင်္ဂလန်အသင်းကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်မိခဲ့ကြောင်း ဝန်ခံလာတဲ့ ဂျွန်စတုန်းစ်

အင်္ဂလန်ကြယ်ပွင့်နောက်ခံလူ ဂျွန်စတုန်းစ်က ပြီးခဲ့တဲ့အပတ်က အိုက်စလန်ကို ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပထမပိုင်းအတွင်း ခြေဖဝါးဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး ယခုအခါမှာတော့ အဆိုပါဒဏ်ရာကြောင့် အသင်းကနေထုတ်ပယ်ခံရမှာစိုးရိမ်မိခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ဒဏ်ရာ အနည်းငယ်ပြင်းထန်တာကြောင့် ကစားသမားဟာ ပွဲကစားချိန်အတွင်း ဝင်ဘာလေကွင်းရဲ့ ဥမင်လှိုဏ်ခေါင်းထဲမှာပဲ ဆေးကုသမှုခံယူခဲ့ရပြီး နောက်ပိုင်းမှာတော့ အသေးစိတ်စစ်ဆေးမှုတွေပါ ခံယူခဲ့ရတာဖြစ်ပါတယ်၊။

ယခုအခါမှာတော့ ကစားသမားက “ပထမဆုံး ကျွန်တော်အတော်လေးစိတ်ပူသွားခဲ့တယ်။ ဘယ်လိုဖြစ်သွားတာလဲမသိလိုက်ဘူး။ ကျွန်တော်လဲကျသွားတဲ့ပုံစံအရ ထိခိုက်မိတဲ့နေရာက ဒူးနဲ့ ခြေကျင်းဝတ်မဟုတ်ဘူးဆိုတာတော့ သိခဲ့ပါတယ်။ဒါက ခြေဖဝါးပဲဖြစ်မှာလို့ သိခဲ့ပြီး ကျိုးသွားပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒါက အသေးအမွှားဒဏ်ရာလေးဖြစ်ခဲ့တာကြောင့် လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ခဲ့ပါတယ်” “အရိုးကျိုးသွားခဲ့ရင် ကျွန်တော်ကတော့ ဆရာဝန်ရဲ့ သောက်ဆေးတွေ၊ ထိုးဆေးတွေကို အကုန်လုံးခံယူပြီး ဘယ်လိုကုသမှုမျိုးကိုမှ လက်လွှတ်ခံမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ဒဏ်ရာမှတ်တမ်းအရ အကောင်းမြင်တဲ့စိတ်နဲ့ ကုသမှုခံယူမယ်ဆိုရင် တကယ်အကျိုးရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ တကယ်လို့ ဒဏ်ရာကပြင်းထန်ရင် လိုအပ်တာအားလုံးကို လုပ်သွားမှာဆိုပေမယ့် မပြင်းထန်လို့ ကံကောင်းခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုသီတင်းပိတ်အစောပိုင်းမှာတော့ စတုန်းစ်ဟာ ဖျားနာနေခဲ့ပြီး အသင်းဖော်တွေနဲ့ခွဲထားခဲ့ရတာကြောင့် ကြံ့ခိုင်မှုအားနည်းနေခဲ့တယ်လို့သိရပါတယ်။ ကစားသမားအနေနဲ့ ဆာဘီးယားနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ သံသယရှိဖွယ်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ လေ့ကျင့်ရေးပြန်လည် ဆင်းနိုင်နေပြီဖြစ်တာကြောင့် ပါဝင်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

ဆက်လက်ပြီး အသက်-၃၀ နှစ်အရွယ်နောက်ခံလူက “ဒဏ်ရာရပြီး တွေ့ကြုံခဲ့ရတဲ့ ၃၆ နာရီအတွေ့အကြုံက တကယ်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဆရာဝန်ကလည်း ဖုန်းမကြာခဏခေါ်နေခဲ့တော့ တော်တော်လေးခံစားချက်မကောင်းခဲ့ပါဘူး။ ရိုးရိုးသားသားပြောရမယ်ဆိုရင် တစ်ယောက်တည်း အထီးကျန်နေသလို ခံစားခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်က နှစ်အတော်ကြာ မဖျားခဲ့တော့ ကံကောင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာဆို ကျွန်တော်အခန်းထဲမှာ တစ်နေကုန်ရှိခဲ့ပြီး ဆရာဝန်နဲ့တွေ့တယ် ပြီးရင် နောက်နေ့မှာ စားဖို့အတွက်စီစဉ်တယ်။ ဒီလိုပဲ ရက်အတော်ကြာနေခဲ့တာပါ။ အခုလိုကျော်ဖြတ်နိုင်ခဲ့လို့လည်း ဝမ်းသာမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။