The network connection is lost.

Banner Image

အကိုဖြစ်သူခြေရာကို လိုက်နင်းနိုင်ဖို့ တွန့်ဆုတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဂျိုဘီဘယ်လင်ဟမ်

ဒေါ့မွန်စတား ဂျိုဘီဘယ်လင်ဟမ်က သူ့အနေနဲ့ အကိုဖြစ်သူခြေရာကိုလိုက်နင်းပြီး ဆန်းဒါးလန်းကနေ ဒေါ့မွန်အသင်းထံပြောင်းရွှေ့ဖို့ တွန့်ဆုတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ အခုလအစောပိုင်းတုန်းက ဆန်းဒါးလန်းအသင်းထံကနေ ဒေါ့မွန်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ကစားသမားကိုယ်တိုင်က သူ့အနေနဲ့ အကိုဖြစ်သူခြေရာကိုလိုက်နင်းနိုင်ဖို့ ကနဦးမှာ တွန့်ဆုတ်နေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ DAZN နဲ့အင်တာဗျူးမှာ ဘယ်လင်ဟမ်က “ဘယ်လိုကြည့်လဲဆိုတာကို ကျွန်တော်တကယ်ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အချို့လူတွေကတော့ အနည်းငယ်ဂရုစိုက်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒေါ့မွန်အသင်းထံပြောင်းရွှေ့ဖို့ အချိန်အတော်ကြာငြင်းဆန်ခဲ့တာပါ။

ဘာလို့လဲဆိုတော့ ကျွန်တော့်မှာစိတ်လှုပ်ရှားမှုတွေ နဲ့ ထိတ်လန့်မှုတွေရှိခဲ့တာကြောင့်ပါ။ခင်ဗျားအနေနဲ့ ခင်ဗျားကိုယ်တိုင်လိုလူစားမျိုးပဲဖြစ်ချင်မှာပါ။ ဒါပေမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကနေ ကျွန်တော့်ကိုတားနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျွန်တော့်အတွက် အခုလိုမှန်ကန်တဲ့လမ်းစဉ်ကို လျှောက်ဖို့ရွေးချယ်ခဲ့တာပါ။ ကျွန်တော်လမ်းကြောင်းက အကိုဖြစ်သူရဲ့လမ်းကြောင်းနဲ့တူမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဒေါ့မွန်မှာက ထိပ်တန်းလူငယ်ကစားသမားတွေရှိနေတာကြောင့် မှန်ကန်တဲ့လမ်းကြောင်းလို့ ဆိုနိုင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ဘာကြောင့်မလုပ်နိုင်ရမှာလဲလို့ တွေးမိပါတယ်။

အခြားအသင်းတစ်သင်းဆီပြောင်းရွှေ့တာက ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျု့ဒ်က ဒီမှာကစားခဲ့ပြီး အဆင်မပြေခဲ့ပါဘူး။ အခုရွေးချယ်မှုက ၂ သင်းစလုံးအတွက် အရဲစွန့်သလိုဖြစ်နိုင်ပါတယ်။ ကျွန်တော့်မှာအဲ့တာအတွက် စဉ်းစားချိန်အများကြီးမရပါဘူး။ ပရိသတ်တွေဘက်က စိတ်မရှည်လောက်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ခေါင်းထဲမှာကော နှလုံးသားထဲမှာကော အခုလိုမျိုးလုပ်ရမယ်ဆိုတာ သိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အခုလိုမျိုးရွေးချယ်ခဲ့တာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ဒေါ့မွန်ကိုမပြောင်းခင် ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းကို ပရီးမီးယားလိဂ်ထံတန်းတက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုအပတ်အစောပိုင်းတုန်းက ဘယ်လင်ဟမ်တစ်ယောက် ဒေါ့မွန်နဲ့ ပွဲဦးထွက်အဖြစ် ဖလူမီးနီးစ်နဲ့ပွဲမှာ ပါဝင်ခဲ့ပြီး ပွဲကစားချိန် ၅၉ မိနစ်မှာ လူစားဝင်ကစားခဲ့ပါတယ်။ လာမယ့်စနေနေ့ တောင်အမေရိကကလပ် ဆန်းဒေါင်းနဲ့ပွဲမှာလည်း ဘယ်လင်ဟမ်အနေနဲ့ ပါဝင်လာဖွယ်ရှိနေပါတယ်။