The network connection is lost.
ဘာစီလိုနာတိုက်စစ်မှူး ဂျာအိုဖီးလစ်က တီကိုနဲ့ပွဲဟာ ခက်ခဲရှုပ်ထွေးတဲ့ ပွဲဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီသားဟာ အခုရာသီအစောပိုင်း ၂ သင်းတွေ့ဆုံတုန်းက တစ်လုံးတည်းသောဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး တီကိုကွင်းရဲ့ကြိုဆိုမှုက ပြင်းထန်နိုင်တယ်လို့ ထင်မြင်နေပါတယ်။
“အဲ့တာက အရမ်းကိုမှရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့် အတွက်တော့ နည်းနည်းဆိုးပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘောလုံးသမား တစ်ဦးဖြစ်တာကြောင့် အဲ့လိုအရာတွေနဲ့အဆင်ပြေအောင်လုပ်မှာပါ။ အဲ့တာက ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒီပွဲက ခက်ခဲနိုင်ပေမယ့် စိတ်ခွန်အား အပိုရစေပါတယ်။ ရလဒ်နဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ အတူတူပဲကစားပါတယ်။ တူညီတဲ့ကစားကွက် ၊ တူညီတဲ့စိတ်ကူးနဲ့ပါ။ ဒါပေမယ့် ဒါက ဘောလုံးပါ။ တခါတလေမှာ အလုပ်မဖြစ်တာတွေ ရှိတတ်ပါတယ်”လို့ ဖီးလစ်က ပြောကြားခဲ့ပါတယ်။
ဖီးလစ်က သူ့အနေနဲ့ လာမယ့်ရာသီဘာစီလိုနာမှာဆက်ကစားဖို့ မသေချာသေးဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားရဲ့အငှားစာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ ဆက်ထိန်းမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။