The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာခြင်းအတွက် သူတစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်လို့ အစ္စကိုပြောကြား

ဘက်တစ်ကွင်းလယ်လူအစ္စကိုက ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာ အောင်မြင်မှုမရရှိခဲ့ခြင်းအတွက် အပြစ်တင်ဖို့ဆိုရင် မိမိကိုယ်ကိုယ်ပဲ အပြစ်တင်သွားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ AS သတင်းဌာနနဲ့တွေဆုံမေးမြန်းခန်းအတွင်း ရီးရဲလ်မက်ဒရစ်နဲ့အတူ စာချုပ်သက်တမ်းနောက်ဆုံးနှစ်မှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ဘာကြောင့်မပြသနိုင်ခဲ့လဲလို့ မေးမြန်းလာချိန် အစ္စကိုက ဘယ်သူ့ကိုမှတရားခံမရှာဘဲ သူကိုယ်တိုင်ပဲ တာဝန်ယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူက “ စိတ်ပိုင်းဆိုင်ရာအရ အဆင်မပြေဖြစ်နေချိန်မျိုးဆိုရင် ဒါက ကိုယ့်ရဲ့ကစားပုံမှာ ပေါ်လွင်လာပါလိမ့်မယ်။ အလွန်ဆိုးရွားလှတဲ့ အားကစားနဲ့ ကိုယ်ရေးကိုယ်တာအခိုက်အတန့်ကာလတွေကို ကျွန်တော် ဖြတ်သန်းခဲ့ရပါတယ်။ ပြန်ကောင်းလာအောင် ဘယ်လိုပုံစံမျိုးနဲ့လုပ်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ထွက်ခွာလာမှုအတွက် တာဝန်ရှိသူက ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကစားသမားဘဝအနားယူမယ့်အချိန်အကြောင်း မေးမြန်းမှု ကိုလည်း နေဝင်ချိန်ကစားသမားတွေကိုယ်တိုင် မပြုလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို အောင်မြင်အောင်လုပ်ဆောင်သွားဖို့ ရည်မှန်းထားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စကိုက “ ဘောလုံးက ကျွန်တော့်ကို မချန်ထားနိုင်ခင် ကျွန်တော်က ဘောလုံးကို ချန်ထားခဲ့ချင်တယ်”လို့ ဆိုပါတယ်။ အခုတော့ အစ္စကိုက ဘက်တစ်မှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ဘောလုံးရာသီသစ်အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။