
အသင်းဖော်အသစ်ကို ချီးကျူးမှုတွေပြုလုပ်လိုက်တဲ့ နာပိုလီစတား
နာပိုလီကွင်းလယ်လူ တိုမီနေးက ကွင်းလယ်အသင်းဖော်သစ် ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။
ဒီဘရိုင်း နဲ့ တိုမီနေးတို့ဟာ ဆက်ဆူအိုလိုကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးပေါက်ကိုယ်စီရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်စတားဟောင်းက ဘယ်လ်ဂျီယံသားဟာ တကယ်ကောင်းတဲ့သူဖြစ်သလို ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမယ့် သူ့ဆီကနေ အကြံဉာဏ်တွေရယူချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဒီဘရိုင်းဟာ ပွဲဦးထွက်မှာတင် သူ့ရဲ့ထူးခြားတဲ့ဖရီးကစ်ကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ နာပိုလီဟာ ဆက်ဆူအိုလိုကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းက ဖရီးကစ်ကနေ ဂိုးမသွင်းယူနိုင်ခင် တိုမီနေးက ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စကော့တလန်သားက သူ့အနေနဲ့ ဘယ်လ်ဂျီယံသားဆီကနေ အကြံပေးမှုတွေလိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ပြီးဆုံးခဲ့တဲ့နေရာမျိုးလိုအပ်တယ်ဆိုတာကို ရာသီကြိုခရီးစဉ်က မက်ဆေ့ချ်ပေးနေပါတယ်။ ခက်ခဲတဲ့အသင်းတွေကိုအနိုင်ယူဖို့က အရေးကြီးတဲ့အရာပါ။ အဲ့တာက မလွယ်ပေမယ့် ဒီနှစ်မှာ ဆာလောင်မှု ၊ နှိမ့်ချမှုနဲ့အတူ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီဘရိုင်းက အကြံပေးမှုတွေမလိုပါဘူး။ ကျွန်တော်ကတော့ သူ့ဆီကနေ အကြံပေးမှုတွေလိုအပ်ပါတယ်။
ဘယ်လောက်တောင်ကောင်းတဲ့ကစားသမားလဲဗျာ။ သူ့လိုထိပ်တန်းကစားသမားမျိုးကိုခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့အားလုံးပျော်နေပါတယ်။ သူကအဆင်သင့်ဖြစ်နေသလို ဒီနေ့ကစားခဲ့တာက ဒီမှာ ၅ နှစ်လောက်ရှိနေခဲ့ဖူးတဲ့သူလိုပါပဲ။
သူက ထိပ်တန်းကစားသမားဖြစ်သလို ကျွန်တော်တို့အားလုံးအသင်းစိတ်ဓာတ်နဲ့ ဆက်သွားဖို့အရေးကြီးပါတယ်။ ပြီးတော့ ဆက်လက်နှိမ့်ချဖို့လည်း လိုအပ်ပါတယ်”လို့ တိုမီနေးက ပြောကြားခဲ့ပါတယ်။ တိုမီနေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက နာပိုလီကွင်းလယ်ရဲ့အခရာကျတဲ့ကစားသမားဖြစ်ခဲ့သလို အခုလည်း ဒီဘရိုင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
နာပိုလီဟာ စီးရီးအေချန်ပီယံဆုကိုကာကွယ်ရမှာဖြစ်ပြီး ဒီဘရိုင်းက အရေးပါတဲ့သူဖြစ်လာဖွယ်ရှိနေပါတယ်။ လာမယ့်သြဂုတ်လ ၃၀ ရက်နေ့မှာ နာပိုလီဟာ ကက်ဂလီယာရီအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။