ဘာစီလိုနာရဲ့ပြဿနာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာရဲ့ပြဿနာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ဘာစီလိုနာ နဲ့ ရီးရဲလ်အသင်းတို့ စပိန်စူပါဖလားဖိုင်နယ်ပွဲကန်ရမှာဖြစ်ပြီး ၂ သင်းကြား တတိယအကြိမ်မြောက် ဖိုင်နယ်ဖြစ်လာခဲ့ပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ အန်ဆယ်လော့တီဟာ ဆီမီးဖိုင်နယ်အခြေအနေကို ဆန်းစစ်မှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မိနစ် ၉၀ မတိုင်ခင်အထိ ကျွန်တော်တို့ ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် အဲ့တာက ပွဲတစ်ပွဲအတွင်းတောင်းဆိုမှုတွေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နည်းလမ်းပေါင်းစုံကြိုးစားခဲ့ပါတယ်။ သူတို့က အကောင်းဆုံးခံစစ်ဆင်နိုင်ခဲ့သလို အခွင့်အရေးအချို့လည်းရခဲ့ပါတယ်။အမြင့်ဘောတွေမှာ သူတို့က ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဘာမဆိုဖြစ်သွားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးလည်း အန်ဆယ်လော့တီက အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ဘာစီလိုနာရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော် မှတ်ချက်မပေးချင်ပါဘူး။ ယေဘုယျအားဖြင့် ကျွန်တော့်မှာ အမြင်တွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော် အဲ့တာကို မပြောချင်ပါဘူး”လို့ အီတလီသားက ထပ်လောင်းပြောကြားခဲ့ပါတယ်။