The network connection is lost.

Banner Image

ဘောလုံးလောကအတွက် လက်ဆောင်တစ်ခုပဲလို့ ကွင်းလယ်ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

ဒီပို့တီဗိုမီရီနာကို ရီးရဲလ်မက်ဒရစ်က ငါးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်အတွင်း ဗယ်လ်ဗာဒီနဲ့ လူကာမိုဒရစ်တို့ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းနည်းပြရဲ့ချီးကျူးမှုကို ခရိုအေးရှားကြယ်ပွင့် ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်။ပွဲစဉ်အပြီး အန်ဆယ်လော့တီဆီ ဝေဖန်မှုတွေက သူ့ရဲ့ဆန်တီယာဂိုဘာနေဗျူးနည်းပြဘဝကို စိတ်ပျက်မိစေသလားဆိုတဲ့ မေးခွန်းတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒီအတွက် အချို့အရာတွေကို အီတာလျံလူမျိုးနည်းပြကြီးက ပြတ်ပြတ်သားသားငြင်းဆန်သွားခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ကျွန်တော်ကတော့ ဘယ်ကဏ္ဍအတွက်မဆို ကျေနပ်အားရမိပါတယ်။ နည်းပြတွေကို ဝေဖန်တယ်ဆိုတာ သာမန်အခြေအနေတစ်ခုပါပဲ။ ဘောလုံးမှာ တသမတ်တည်းမှန်ကန်နေတဲ့အရာ မရှိပါဘူး။ လူတိုင်းက သူတို့ရဲ့ထင်မြင်ချက်တိုင်းကို ပေးနိုင်သလို သင့်လျော်မှုလည်း ရှိပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ ဗလန်စီယာကို Comeback ဖြင့် အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း လူစားဝင်ကစားသမားအဖြစ် ပါဝင်လာခဲ့တဲ့ အသက်-၃၉ နှစ်အရွယ် မိုဒရစ်က အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးကာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတလျှောက် အသက်အကြီးဆုံးသွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။ အခုဒီပို့တီဗိုမီရီနာအသင်းကို အနိုင်ယူတဲ့ပွဲစဉ်မှာလည်း သူက ကောင်းမွန်တဲ့တိုက်စစ်ကစားဟန်နဲ့အတူ နှစ်ပွဲဆက်သွင်းဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီက “ မိုဒရစ်က ဘောလုံးလောကအတွက် လက်ဆောင်တစ်ခုပါ။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ၊ အသင်းဖော်တွေ၊ နည်းပြတွေအကုန်လုံး သူ့ရဲ့ခြေစွမ်းကို အနီးကပ်ခံစားနိုင်ကြပါတယ်။ အထူးသဖြင့် အခုလိုပွဲစဉ်မျိုးအတွက် သူ့ရဲ့ပြင်ဆင်ထားပုံတွေကြောင့် ကျွန်တော့်အတွက်တော့ သူက အရမ်းကောင်းတဲ့လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ဗိုလ်လုပွဲတစ်ခုလိုမျိုးကို မိုဒရစ် ပြင်ဆင်ထားခဲ့တာပါ။ သူက လူငယ်ကစားသမားတွေအတွက်လည်း အလွန်အရေးပါတဲ့ စံနမူနာတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။