The network connection is lost.

Banner Image

ဘယ်လင်ဟမ်ကို လီဗာပူးကို ပြောင်းဖို့ တိုက်တွန်းလိုက်သော ကာရေဂါရဲ့ ပြောကြားချက်အား ခနဲ့လိုက်တဲ့ အွန်နရီ

လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ခြေစွမ်းပြနေသော ဘယ်လင်ဂမ်အား တချိန်ချိန်တွင် လီဗာပူးအသင်းသို့ ခေါ်ယူရန်  လီဗာပူး နောက်ခံကစားသမားဟောင်းဖြစ်သူ ကာရေဂါက မျှော်လင့်နေပါတယ်။

ပြင်သစ်နှင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီသည် ဘယ်လင်ဂမ်အား ရီးရဲလ်မက်ဒရစ်ထံမှ လီဗာပူးအသင်းထံ ခေါ်ယူဖို့မျှော်လင့်နေတဲ့ ကာရေဂါ၏ မျှော်လင့်ချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုပြီးဝေဖန်ခဲ့ပါတယ်။ ယခုနွေရာသီတွင် ဒေါ့မွန်အသင်းမှ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိလာသည့် ဘယ်လင်ဟမ်သည် ၎င်း၏အသင်းသစ်အတွက် (၆)ပွဲကစားပြီး (၆)ဂိုး သွင်းယူထားပြီး အန်ဆယ်လော့တီ၏ အသင်းအား ချန်ပီယံလိဂ်အုပ်စုအဆင့်အဖွင့်ပွဲစဉ်တွင်လည်း အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘာမင်ဂမ်စီးတီးကစားသမားဟောင်းသည် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၎င်း၏လာလီဂါပွဲဦးထွက်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ကလပ်အတွက် ၎င်း၏ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင်လည်း ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့ပြီး စပိန်မြို့တော်တွင် ခြေစွမ်းပြသကာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ၎င်း၏အဆင့်အတန်းကို ဖော်ပြထားပါတယ်။
ဥရောပထိပ်တန်းကလပ်များသည် ယခုနွေရာသီတွင် ဘယ်လင်ဟမ်ကို ခေါ်ယူရန် တန်းစီစောင့်ဆိုင်းနေခဲ့ကြသော်လည်း ၎င်းကို နှစ်အတန်ကြာ စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်ကသာ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းသည် စူပါစတားဗဟိုကွင်းလယ်ကစားသမားကို ခေါ်ယူရန် မျှော်လင့်ထားသည့် ပရီးမီးယားလိဂ်ကလပ်များထဲတွင် ပါဝင်ခဲ့သော်လည်း ဘယ်လင်ဟမ်က ၎င်း၏ အိပ်မက်ဖြစ်သော ရီးရဲလ်မက်ဒရစ်အသင်းသို့သာ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက " ဘယ်လင်ဟမ်က တစ်နေ့မှာ ပရီးမီးယားလိဂ်ကို လာပြီးစမ်းကြည့်ချင်နေတာ သေချာပါတယ်၊ ချန်ပီယံလိဂ် ၆ ကြိမ်ရထားတဲ့ လီဗာပူးထက် ဘယ်အသင်းက ပိုကောင်းလဲ"ဟု ပြောဆိုခဲ့ပါတယ်။ ကာရေဂါရဲ့ပြောဆိုချက်ကို ဟင်နရီက "လက်ရှိသူက ချန်ပီယံလိဂ် ၁၄ ကြိမ်ရထားတဲ့ အသင်းအတွက် ကစားနေတာပါ။ ဒါဟာ ကျွန်တော်ထင်ထားတာထက် ပိုထူးခြားပါတယ်။ အခု ပြောနေတာတောင် ရင်ခုန်မိနေတယ်။ ဒီကလပ်မှာရှိလို့ အရမ်းကျေးဇူးတင်တယ်။ သူတို့ရဲကွင်းထဲမှာထောင်ချီတဲ့ပရိတ်သတ်တွေရှိပါတယ်"လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်သည် အခြားကလပ်အသင်းများထက် ချန်ပီယံလိဂ်/ဥရောပဖလားကို အများဆုံးရရှိထားတဲ့အသင်းဖြစ်ပြီး ၎င်းတို့သည် အံ့အားသင့်ဖွယ် ၁၄ ကြိမ်ထိ ရရှိထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်မှာတော့ အေစီမီလန်က ၇ ကြိမ်ရရှိပြီး ဒုတိယနေရာမှာရပ်တည်ကာ လီဗာပူးအသင်းကတော့ ၆ ကြိမ်ဖြင့် တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ယူနီယံဘာလင်ကို အနိုင်ရခဲ့ပြီးနောက် ဘယ်လင်ဂမ်က “ကျွန်တော်က ဝန်ထမ်းတွေနဲ့ အသင်းဖော်ကစားသမားတွေအကြောင်း ပြောချင်တဲ့အပြင် နောက်တစ်ချက်ကတော့ သူတို့ရဲ့ပရိသတ်တွေပါပဲ။ ကွင်းကို ရောက်တဲ့အခါမှာတော့ ဘတ်စ်ကားဘေးကို တစ်ချက်ကြည့်ရုံနဲ့ သူတို့ရဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်တွေကို မြင်ပြီး သွေးပူသွားနိုင်ပါတယ်။ ခင်ဗျားတို့ဒီကို မရောက်လာရင် ဒီကလပ်က ဘယ်လောက်ကြီးတယ်ဆိုတာ တကယ်နားမလည်နိုင်ဘူး။ အဆင်မပြေမှုတွေ ရှိခဲ့ရင်တောင် ကျွန်တော်ဒီမှာဆက်ရှိနေမှဖြစ်ပါတယ်။ တစ်ရာသီလုံးပြသထားတဲ့ စိတ်ဓာတ်ကောင်းတွေနဲ့အတူ အဆုံးအထိဆက်သွားနေပြီး အခွင့်အရေးတွေရှိမယ်လို့ ကျွန်တော်အမြဲယုံကြည်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။