ပဲလေ့စ်နဲ့ပွဲက အောင်ပွဲခံမှုဟာ ဇနီးသည် ဆိုဖီယာကို ရည်ရွယ်ခဲ့တာဖြစ်ကြောင်း ကိုင်ဟာဗက်ဇ် ပြောကြား
အာဆင်နယ်စတား ကိုင်ဟာဗက်ဇ်က ပဲလေ့စ်နဲ့ပွဲက ဂိုးသွင်းအပြီးအောင်ပွဲခံမှုဟာ ကိုယ်ဝန်ရှိနေတဲ့ဇနီးသည် ဆိုဖီယာကို ရည်ရွယ်ခဲ့တာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ကိုင်ဟာ ပဲလေ့စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲအတွင်း ပွဲကစားချိန် ၃၈ မိနစ်မှာ အာဆင်နယ်အတွက် ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းပြီးနောက် ကိုင်က ဘောလုံးကို အကျီအောက်ထဲထည့်ပြီး ကိုယ်ဝန်ဇနီးသည်ကို ဦးတည်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်သားကတော့ ပြီးခဲ့တဲ့လတုန်းက ဇနီးသည် ဆိုဖီယာကိုယ်ဝန်ရှိနေတယ်ဆိုတာကို တင်ခဲ့တာဖြစ်ပါတယ်။ ဟာဗက်ဇ်ဟာ ဆိုဖီယာ နဲ့ အခုနှစ်ဇူလိုင်လတုန်းက လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ကိုင်တစ်ယောက် အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၆ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံမှာတော့ ဂျာမန်သားဟာ ၂၀၂၃ တုန်းက ချဲလ်ဆီးကနေ အာဆင်နယ်ထံပြောင်းလာပြီးနောက် ၇၅ ပွဲမှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၀ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုးစသွင်းပေးခဲ့ပေမယ့် အစ္စမေလာ ဆားက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။
အဲ့နောက် ဟာဗက်ဇ် ၊ မာတီနယ်လီ ၊ ရိုက်စ်တို့ အနိုင်ဂိုးတွေမသွင်းခင်မှာ ဂျီးဆပ်စ်က နောက်ထပ်ဂိုးတစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုနိုင်ပွဲကြောင့် လီဗာပူးအသင်းနဲ့ရမှတ်လျော့ချနိုင်ခဲ့ပြီး စလော့တ်ရဲ့လီဗာပူးအသင်းက လက်ထဲမှာ ၂ ပွဲကျန်နေသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆာကာဒဏ်ရာရခဲ့တာက အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး အဆိုပါပွဲမှာ ထရိုဆက်နဲ့ လူစားလဲခဲ့ရပါတယ်။ လာမယ့်ဒီဇင်ဘာ ၂၇ မှာ အာဆင်နယ်ဟာ အစ်ဝှစ်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။