The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဟယ်ရီကိန်း

ဂျာမနီသို့ ပြောင်းရွှေ့ခဲ့ပုံရှင်းပြခဲ့ပြီး ဘိုင်ယန်သို့ရောက်လာဖို့ ချဲလ်ဆီးနည်းပြဟောင်း တူချယ်က ဘယ်လိုစည်းရုံးခဲ့သလဲဆိုတာကို ကိန်းက ပြောဆိုလိုက်ပါတယ်။

တော့တင်ဟမ်တွင် ပရီးမီးယားလိဂ်သွင်းဂိုးများစွာ သွင်းယူခဲ့သော်လည်း တိုက်စစ်မှုးဟာ စီနီယာအဆင့်တွင် ဆုဖလားရရှိခဲ့ခြင်းမရှိပါဘူး။ အလန်ရှီးယားရဲ့ စံချိန်ကို ချိုးဖို့အတွက် ပရီးမီးယားလိဂ်တွင်ဆက်နေဖို့ကို မရွေးချယ်ဘဲ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ရတဲ့အကြောင်းကို ရှင်းပြလိုက်ပါတယ်။

"ကျွန်တော်တို့က အနိုင်ရရှိရမှာပါ။ အဲ့ဒါက ဒီမှာရှိတဲ့ စိတ်ဓာတ်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဒီစိတ်ဓာတ်က ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ ပိုကောင်းအောင် တိုးတက်အောင် ကူညီပေးမှာပါ။ ဒီအတွေ့အကြုံကို လိုချင်ပါတယ် ဆုဖလားတွေနဲ့ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်ချင်ခဲ့ပါတယ်။ ဘိုင်ယန်လို ကြီးမားတဲ့ ကလပ်အသင်းတစ်ခုအတွက် ကစားရတာဟာ ကောင်းတဲ့စိန်ခေါ်မှုတစ်ခုပါ။ လိဂ်အကြောင်းထက် ဘိုင်ယန်မြူးနစ်အကြောင်းကို ပိုပြီးတွေးခဲ့မိပါတယ်။ ဘိုင်ယန်က ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ အသင်းပါ" လို့ ကိန်းက ပြောပါတယ်။

တူချယ်ဟာ သူ့ရဲ့ ဂျာမန်ဘီလူးကြီးတွေဆီ ပြောင်းရွှေ့လာအောင် စည်းရုံးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပုံကိုလည်း ကိန်းက ပြောပြခဲ့ပါတယ်။ "ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ အကြိမ်အနည်းငယ်လောက် ဆုံဖူးပါတယ်။ နွေရာသီမှာ တွေ့ဆုံတဲ့အခါ သူ့ရဲ့ စွမ်းအားကြောင့် ကျွန်တော် ချက်ချင်း အံ့အားသင့်ခဲ့ရပါတယ်။ တူချယ်ဟာ စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်ရှိသူပါ။ နည်းပြနဲ့ ဆက်ဆံရေးကောင်းဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်။ အဲ့ဒီအတွက် အခြေခံအုတ်မြစ်ကို စောစောကတည်းက ချထားခဲ့တာပါ" လို့ ကိန်းက ပြောပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ်မှာ အောင်မြင်တဲ့ကစားသမားဘဝအစကို နှစ်သက်ခဲ့ပြီး ဝါဒါဘရီမင်အား ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာဘွန်ဒက်စ်လီဂါ ပွဲဦးထွက်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တူချယ်ရဲ့အသင်းဟာ လိဂ်ဖလားရရှိရန် မျှော်လင့်ထားပြီး ကိန်းကတော့ ချန်ပီယံလိဂ်ဖလားကို အယ်လီယန်ဇ်အာရန်နာသို့ ပြန်လည်ယူဆောင်ပေးမယ့် နောက်ဆုံးပဟေဋ္ဌိတစ်ခု ဖြစ်နိုင်ပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီး ထွက်ခွာသွားပြီးကတည်းက ထိပ်တန်းအဆင့်တိုက်စစ်မှူး တစ်ဦးကို ဘိုင်ယန်မြူးနစ်က အပူတပြင်းရှာဖွေခဲ့တာဖြစ်ပါတယ်။