The network connection is lost.

Banner Image

ဒီဘရိုင်းနေရာအတွက် လေဗာကူဆင်စတားကို ပစ်မှတ်ထားနေတဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးအသင်းဟာ ဒီဘရိုင်းနေရာအတွက် လေဗာကူဆင်စတား ဝီရက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သားဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လေဗာကူဆင်နဲ့အတူ တောက်ပလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက သမိုင်းဝင်ရှုံးပွဲမရှိဖလားရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဂျာမန်သားအနေနဲ့ ရီးရဲလ်ပြောင်းမယ်လို့ သတင်းကြီးနေပေမယ့် အခုချိန်မှာတော့ စီးတီးက ဒီဘရိုင်းနေရာအတွက် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဝီရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက အသင်းအတွက် ၅၇ ပွဲမှာ ၄၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနေရာအတွက် စီးတီးက ပစ်မှတ်ထားနေတာက အနည်းငယ်ထူးဆန်းပေမယ့် ဒီဘရိုင်းကိုယ်တိုင်ကလည်း ဂျာမန်မြေမှာ ဝုလ်ဘတ်နဲ့အတူ တောက်ပခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ စီးတီးအတွက် ၄၁၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၁၀၆ ဂိုးသွင်းယူကာ ၁၇၄ ဂိုးဖန်တီးပေးနိုင်ခဲ့သလို ဆုဖလားတိုင်းကိုရယူထားနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနေရာနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “အစားထိုးဖို့ခက်ခဲတဲ့အရာတွေဆိုတာ ရှိပါတယ်။ ဒီလိုကစားသမားမျိုးဆိုရင်ပိုတောင် ခက်ခဲပါတယ်။ ကွန်ပနီ ၊ အဂူရိုတို့နေရာလည်း အတူတူပါပဲ။ အခုဆို ကီဗင်နေရာဖြစ်လာခဲ့ပါပြီ။ 

ချိတ်ဆက်မှုတွေ ၊ ဆက်ဆံရေးတွေ ၊ နည်းပြ ၊ အသင်းဖော်တွေ ၊ ပရိသတ်တွေအတွက် မလွယ်ပါဘူး။ အင်္ဂလန်မှာ ဒါမှမဟုတ် တိုင်းပြည်တိုင်းမှာ ဒီလိုကစားသမားမျိုးတွေက နှိုင်းယှဉ်လို့မရတဲ့သူတွေပါ။ အခု ကီဗင်ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေက ပရိသတ်တွေအတွက် အံ့အားသင့်စရာပါ။ ဒါပေမယ့် ဒီအသင်းအတွက် အများကြီးပေးဆပ်ခဲ့တဲ့ကစားသမားကို လူတွေက မှတ်မိနေမှာပါ။ ကီဗင်က ကျွန်တော့်မှတ်ဉာဏ်ထဲမှာအမြဲတမ်းရှိနေမှာပါ။ သူ့ကိုဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူး”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။

လာမယ့်နွေမှာ စီးတီးဟာ ဒီဘရိုင်းနေရာအတွက် အစားထိုးမှာဖြစ်ပြီး ဘယ်လ်ဂျီယံသားကို ဆော်ဒီလိဂ် နဲ့ မေဂျာလိဂ်ကလပ်တွေက အလိုရှိနေသလို ဝီရက်ဇ်ကိုလည်း အင်္ဂလန်ထိပ်တန်းအသင်းတွေက အလိုရှိနေပါတယ်။