The network connection is lost.

Banner Image

ချာကီရဲ့ပွဲဦးထွက်ခြေစွမ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကလပ်ကမ္ဘာ့ဖလားပွဲဦးထွက်အဖြစ် စွမ်းဆောင်ရည်ကောင်းမပြနိုင်ခဲ့တဲ့ တပည့်သစ်ဖြစ်သူ ချာကီရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၁ နှစ်သားဟာ ကာဆာဘလန်ကာအသင်းနဲ့ပွဲမှာ ပွဲဦးထွပ်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ချာကီဟာ အခုလအစောပိုင်းတုန်းက လိုင်ယွန်အသင်းထံကနေ ပေါင် ၃၄ သန်းနဲ့ စီးတီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲဦးထွက်စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီးတော့ မေးခွန်းထုတ်မှုတွေရှိနေတာဖြစ်ပါတယ်။ ချာကီဟာ အဆိုပါပွဲမှာ နံပတ် ၈ နေရာမှာ ကစားခဲ့ပြီး အသင်းဖော်သစ် ရီဂျန်ဒါ ရဲ့နောက် ဆာဗင်ဟို ၊ ဒိုကူ ၊ မာမွတ်ရှ်တို့ရဲ့နောက် တိုက်စစ်ပိုင်းမှာ လိုက်ပါကစားခဲ့တာဖြစ်ပါတယ်။

ဖိုဒန်က စီးတီးအတွက် ဦးဆောင်ဂိုးကို စောစောစီးစီးသွင်းယူပေးနိုင်ခဲ့ပြီး ချာကီတစ်ယောက် ဖန်တီးမှုပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကာဆာဘလန်ကာအသင်းရဲ့ကွင်းလယ်က အတင်းဝင် အတင်းထွက်ဖိအားပေးကစားခဲ့တာကြောင့် ချာကီအနေနဲ့ အမှားတွေများခဲ့သလို နေရာယူပုံပါ မှားယွင်းခဲ့တာဖြစ်ပါတယ်။

ဟာလန်းနဲ့လူစားမလဲခင်မှာ ချာကီအနေနဲ့ ဘောလုံးထိချက် ၂၂ ချက်သာရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက ချာကီရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး “မှန်ပါတယ်။ ကီဗင်နေရာက အစားထိုးဖို့ ခက်ခဲပါတယ်။ သူ့မှာရှိတဲ့အရည်အချင်းကို ကျွန်တော် သံသယမဖြစ်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ အသင်းဘက်က သူ့မျာ ကြီးမားတဲ့အရည်အချင်း၊ အမြင် နဲ့ ဘောလုံးပေးပို့နိုင်စွမ်းရှိတာကြောင့် ခေါ်ယူခဲ့တာပါ။ ဒီနေ့က ပထမဆုံးပွဲဖြစ်သလို အရမ်းခက်ခဲတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် သူ့ရဲ့စွမ်းဆောင်ရည်ကို တကယ်ကျေနပ်မိပါတယ်။ ရီဂျန်ဒါလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ချာကီလည်း အခိုက်အတန့်ကောင်းတွေရှိခဲ့ပါတယ်။ လူတိုင်းအခြေအနေကို သိရဖို့လိုအပ်ပါတယ်။ အဲ့တာက ဘာဆက်လုပ်ရမလဲဆိုတာကို မြင်ရမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

စီးတီးပရိသတ်တွေကတော့ ကစားသမားအသစ်တွေ အသင်းအတွက်ပိုအကျိုးပြုနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဂွါဒီယိုလာကတော့ ချာကီကို အချိန်ပေးဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပြီး စီးတီးဟာ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်ပွဲအဖြစ် အယ်လ်-အင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။