
အဓိက အကြောင်းပြချက်တစ်ခုကြောင့် ဝုဗ်နှင့်ပွဲမှာ မန်စီးတီး ရုန်းကန်ခဲ့ရကြောင်း ဝန်ခံလိုက်တဲ့ ဂွါဒီယိုလာ
စနေနေ့က ဝုဗ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်စီးတီးဟာ ရုန်းကန်ခဲ့ရကြောင်း နည်းပြ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။ ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခြင်းခံထားရတာကြောင့် ဂွါဒီယိုလာဟာ ဝုဗ်နှင့်ပွဲကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရပြီး သူ့ရဲ့အသင်းဟာ မိုလင်နက်စ်မှာ ဝုဗ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတဘ်။ အိမ်ရှင်အသင်းဟာ အဓိက စွမ်းဆောင်ရည်များပြသခဲ့ပြီး ချန်ပီယံမန်စီးတီးကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးတွင် ဂွါဒီယိုလာက ဝုဗ်အား ချီးကျူးဂုဏ်ပြုခဲ့ပြီး သူ့ရဲ့အသင်းထက် ဝုဗ်က ပိုပြီးမြန်နေတာကြောင့် ပွဲကိုထိန်းချုပ်ရန် ရုန်းကန်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာနဲ့ သူရဲ့နည်းပြအဖွဲ့တို့ လက်ခံရမယ့်အရာ ဖြစ်ပါတယ်။ "ဝုဗ်အတွက် ဂုဏ်ယူပါတယ်" လို့ ဂွါဒီယိုလာက BBC Sport သို့ ပွဲအပြီးတွင် ပြောကြားခဲ့ပါတယ်။
"သူတို့က တကယ်ကို ကောင်းကောင်း ခံစစ်ဆင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေရခဲ့တယ်၊ သူတို့အသင်းက အရမ်းကိုကောင်းခဲ့တာကြောင့် ဘောလုံးပေးပို့မှုတွကို ထိန်းချုပ်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ သူတို့အသင်းက ခံစစ်ကစားပုံက အရမ်းကိုကောင်းပါတယ်" လို့ နည်းပြက ပြောပါတယ်။
အင်တာဗျူးမေးမြန်းတာက ဝုဗ်ရဲ့ တန်ပြန်တိုက်စစ်အတွက် ချီးကျူးတဲ့အခါမှာ ဂွာဒီယိုလာက "ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ကောင်းကောင်းဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်တွေက ပိုမြန်ပြီး ပိုကောင်းလာတဲ့အခါ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။