The network connection is lost.

Banner Image

မန်ချက်စတာဒါဘီမတိုင်မီ ဂရီးလစ်ရှ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

ဗုဒ္ဓဟူးနေ့ လူတန်တောင်အား အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဂရီးလစ်ရှ်ဟာ ပွဲကစားချိန် ၃၈ မိနစ်တွင် လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ ဖေဖော်ဝါရီလ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်နှင့် ကစားခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရရှိပြီးနောက်ပိုင်း ပထမဆုံး ပြန်ကစားတဲ့ပွဲလည်းဖြစ်ပါတယ်။

ဘယ်အချိန်ပြန်ကောင်းလာမလဲဆိုတာ အချိန်အတိအကျမသိရသေးသော်လည်း အသက် ၂၈နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နှင့်ကစားမယ့် ဒါဘီပွဲစဉ်နှင့် အင်္ဂလန်ရဲ့ မတ်လမှာကစားမယ့်ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်လို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။"ဒီတစ်ပတ်မှာ သူက ပြန်ကောင်းလာမှာမဟုတ်ပါဘူး။ ဘယ်အချိန်ပြန်ကောင်းလာမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူ" လို့ နည်းပြက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"နှောင့်နှေးမှုတွေကတော့ ရှိစမြဲဖြစ်တာကြောင့် သူက ကျော်လွှားနိုင်မှာပါ""အင်္ဂါနေကနေ တနင်္ဂနွေနေ့အထိက အိပ်မက်တစ်ခုလိုပါပဲ။ စနေနေ့ကနေ အင်္ဂါနေ့က ခရီးစဉ်မှာလည်း ပြဿနာရှိခဲ့ပါတယ်။ကစားသမားတွေက လူတန်တောင်းနဲ့ပွဲမှာ အရမ်းကိုကောင်းခဲ့ကြပါတယ်။ ၂ ရက် အနားရခဲ့ပြီး အခုတော့ ယူနိုက်တက်နှင့်ပွဲအတွက် ပြင်ဆင်နေပါတယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။နိုင်ငံတကာပွဲစဉ်များ မတိုင်မီ ဂရီးလစ်ရှ် ပြန်ကောင်းလာနိုင်သလားလို့ မေးရာတွင် နည်းပြက "ကျွန်တော့်ကတော့ အဲ့ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။ သူကတော့ တက်နိုင်သလောက် မြန်မြန်ပြန်ကောင်းဖို့ ကြိုးစားနေမှာပါ။ ကျွန်တော် ဆောက်ဂိတ်နဲ့တော့ မပြောရသေးပါဘူး" လို့ ပြန်ဖြေပါတယ်။

ဒီနွေရာသီမှာ ကစားမယ့် ယူရို ၂၀၂၄ အတွက် ကစားသမားတွေကို နောက်ဆုံအကဲဖြတ်ဖို့ အခွင့်အရေးဖြစ်တဲ့ ဘရာဇီးနှင့် ဘယ်လ်ဂျီယံတို့နှင့်ပွဲတွေအတွက် ဂရီးလစ်ရှ်ဒဏ်ရာရသွားက ဆောက်ဂိတ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။ကွင်းလယ်ကစားသမားဟာ အင်္ဂလန်မှာ နေရာတစ်နေရာရရှိထားသော်လည်း ကစားပုံကျဆင်းနေပြီး ကြံ့ခိုင်မှုပိုင်မှာ လက်ရှိရာသီတွင် ပြဿနာရှိနေတာကြောင့် သူ့ရဲ့နေရာအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

လက်ရှိရာသီ ၂၇ ပွဲမှာ မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်က ၃ ဂိုးသွင်းပြီး ၂ ဂိုးသာ ဖန်တီးပေးထားနိုင်ကာ ၇ပွဲမှာသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ထားရပါတယ်။ဂျီဗာဒီအောကလည်း ယူနိုက်တက်နှင့်ပွဲအတွက် ပါဝင်ဖို့ မသေချာနေတာဖြစ်သော်လည်း ကစားဖွယ်တော့ရှိနေပါတယ်။ ခံစစ်မှုးရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက ပြောဆိုထားခြင်းတော့ မရှိပါဘူး။