The network connection is lost.

Banner Image

ကျွန်တော်ဟာ ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဂရင်းစ်ဘီဂိုးသမား ခရစ္စတီပင်မ်

ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီးနောက် ဂရင်းစ်ဘီဂိုးသမား ခရစ္စတီပင်မ်က သူဟာ ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ တောင်ပံကစားသမားသစ် ဘရိုင်ယန်အမ်ဘွေမိုရဲ့ လွဲချော်မှုကြောင့် ယူနိုက်တက်ဟာ ကာရာဘောင်ဖလားပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာခဲ့ရပြီး ဂရင်းစ်ဘီကတော့ တတိယအဆင့်ကို ထိုက်ထိုက်တန်တန်တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ‌တော့ ဂရင်းစ်ဘီဂိုးသမား ပင်မ်က "ကျွန်တော်က ယူနိုက်တက်ကိုအနိုင်ယူခဲ့ပေမယ့် ယူနိုက်တက်ပရိသတ်ဖြစ်နေတုန်းပါ။ ပင်နယ်တီမှာ ကျွန်တော် အခုထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းခဲ့သင့်ပါတယ်။ ကျွန်တော် အရေးပါတဲ့ ပင်နယ်တီကန်ချက်ကိုကာကွယ်နိုင်ခဲ့ပြီး အသင်းကို ရှေ့ဆက်စေနိုင်ခဲ့ပါတယ်။ ဒီအတွက်တော့ အားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဂရင်းစ်ဘီဟာ ပထမပိုင်းအတွင်းမှာပဲ ယူနိုက်တက်ကို ၂-၀ ဆိုတဲ့ရလဒ်နဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက်ဂိုးတွေကို ၂၂ မိနစ်မှာ ဗာနမ်နဲ့ ၃၀ မိနစ်မှာ ဝါရမ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ပြန်လာနိုင်ခဲ့ပြီး ချေပဂိုးကိုတွေကို ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဟယ်ရီမက်ဂွါရီတို့က ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

ဂရင်းစ်ဘီအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဗာနမ်က "ကျွန်တော် ပင်နယ်တီကန်ရချိန်မှာ အတော်လေးစိတ်လှုပ်ရှားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ပြီးတစ်ယောက် သွားကန်နေရချိန်မှာ ကျွန်တော်တို့ ဘာဖြစ်မယ်ဆိုတာကို ကြိုမသိနိုင်ပါဘူး။ ကျွန်တော်တို့ဝင်အောင်ကန်နိုင်ချိန်မှာ အခွင့်အရေးရပြီလို့ထင်ခဲ့ပေမယ့် သူတို့ကလည်း ဆက်တိုက်ပဲနောက်ကနေ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပါတယ်"

"ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့အနိုင်ရခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် ထာဝရသတိရနေမယ့်ပွဲစဉ်ပါပဲ။ ကျွန်တော်တို့ ဘယ်လောက်ကောင်းတယ်ဆိုတာလည်း သက်သေပြနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံနိုင်ဖို့ပဲ အာရုံစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။