The network connection is lost.

Banner Image

မက်ဂွါရီကို အငှားချသွားမှာမဟုတ်ဘဲ အပြီးသတ်ရောင်းချဖို့သာ ဆန္ဒရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့နောက်ခံလူ ဟယ်ရီမက်ဂွါရီကို ဝက်စ်ဟမ်းအသင်းသို့ အငှားနဲ့ ထွက်ခွာခွင့်ပြုရန် ငြင်းဆိုထားပြီး နောက်ထပ်ကစားသမားသစ်တွေ ဝယ်ယူရေးအတွက် ဘဏ္ဍာငွေလိုအပ်နေတာကြောင့် အင်္ဂလန် လက်ရွေးစင်ကို အပြီးသတ်သာရောင်းချလိုနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ယခုနွေရာသီနွေရာသီအတွင်း အသင်းရဲ့ခံစစ်ကို အင်အားဖြည့်တင်းဖို့ကြိုးစားနေတာကြောင့် နောက်ခံလူအများအပြားကိုပစ်မှတ်ထားနေပြီး မက်ဂွါရီကို ခေါ်ယူဖို့ယူနိုက်တက်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ကစားသမားကို အငှားဖြင့်ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ယူနိုက်တက်က ကစားသမားသစ်တွေဝယ်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေရှာဖွေဖို့လိုအပ်နေတာကြောင့် အပြီးအပိုင်ရောင်းချဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ဘယ်‌နောက်ခံလူ လုခ်ရှော ဒဏ်ရာပြဿနာကြုံတွေ့ပြီး ၂ လကြာ အနားယူရဖွယ်ရှိနေတာကြောင့် ကစားသမားရဲ့နေရာမှာအစားထိုးရန် ချဲလ်ဆီးဘယ်နောက်ခံလူ ကူကူရယ်လာ ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းနည်းပြတန်ဟက်က ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေတာကြောင့် ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘက်ခ်ျကိုလည်း စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။

တန်ဟက်ဟာ ယခုနွေရာသီအစောပိုင်းမှာ မက်ဂွါရီကို အသင်းခေါင်းဆောင်ရာထူး မှထုတ်ပယ်ခဲ့သော်လည်း လက်လွှတ်လိုဟန်မရှိဘဲ နေရာရရှိရေးအတွက် တိုက်ပွဲဝင်ရန်တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်းကလည်း အသက်-၃၀ အရွယ်နောက်ခံလူကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့သော်လည်း ကစားသမားက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာရန် ကြန့်ကြာနေတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပြီး ယခုတစ်ဖန် ဆွေး‌နွေးမှုပြန်လည်ပြုလုပ်ကာ အငှားနဲ့ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

သို့သော် မက်ဂွါရီကို အပြီးသတ်ရောင်းချရန်သာဆန္ဒရှိနေတဲ့ ယူနိုက်တက်ကြောင့် ဝက်စ်ဟမ်းအနေနဲ့ ယခုနွေရာသီမှာ ခေါ်ယူနိုင်ဖွယ်မရှိဘဲ ကစားသမားဟာလည်း ဇန်နဝါရီလအထိ ယူနိုက်တက်မှာကျန်ရှိနေဖို့ အလားအလာရှိနေပါတယ်။